🌸🌸part (17)🌸🌸

1.8K 180 16
                                    

"ကြင်ယာတော်....ကိုယ်တော်ကလွမ်းနေခဲ့တာ"

"ရှောင်းရှောင်း....လက်ထဲကမီးတုတ်ကြီးချလိုက်ပါ...ဒီကကိုယ်လုပ်တော်ကိုမပွေ့ဖက်တော့ဘူးလားဒီကိုလာပါဦး"

ရှောင်းဘုရင်ကြီးလက်ထဲမှာကိုင်ထားတဲ့မီးတုတ်ကိုရဲမက်တစ်ယောက်အားပေးကာအားမရှိတာကြောင့်အစေခံ၂ယောက်အကူအညီဖြင့်မတ်တပ်ရပ်နေရသောကိုယ်လုပ်တော်လေးဆီသို့ခပ်မြန်မြန်လမ်းလျှောက်သွားကာကိုယ်လုပ်တော်လေးကိုရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားလိုက်သည်
ကိုယ်လုပ်တော်လေးကိုမြင်မှအထိန်းတော်ကြီးမျက်နှာမှာမျှော်လင့်ချက်ရောင်ခြည်လေးတွေသန်းလာတယ်

"အပြင်မှာအေးတယ်...ဘာလို့လိုက်လာရတာလဲ
သတိပြန်ရလာရင်လည်းနန်းဆောင်ထဲမှာနွေးနွေးထွေးထွေးနေမှပေါ့"

"ကိုယ်လုပ်တော်သာရောက်မလာဘူးဆိုရှောင်းရှောင်းကမင်းဆိုးမင်းညစ်သနားညှာတာမှုမရှိတဲ့မင်းတစ်ပါးအဖြစ်လူအများရဲ့သတ်မှတ်ခြင်းကိုခံရတော့မှာလေ
အဲ့တာဆိုအရင်တုန်းကရှောင်းရှောင်းတိုင်းပြည်အတွက်ပေးဆပ်ခဲ့ရတာတွေကအသက်မဝင်တော့ဘူးပေါ့
စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ရှောင်းရှောင်းရယ်....ကိုယ်လုပ်တော်ကိုချစ်ရင်ပြောစကားနားထောင်ပါ"

"ဟုတ်ပြီ...ကိုယ်တော်ကစကားနားထောင်ရမှာပေါ့
လောလောဆယ်ကြင်ယာတော်နန်းဆောင်ပြန်ရအောင်...ဒီမှာအေးနေတယ်"

"ဒီကိုယ်လုပ်တော်တွေကိုဘာမှမလုပ်နဲ့တော့နော်"

"မလုပ်တော့ဘူး..."

ဗိုက်ကဒဏ်ရာကြောင့်ပွေ့ချီသွားလို့မရတဲ့ကိုယ်လုပ်တော်လေးကိုဘုရင်ကြီးကဝေါယာဉ်နဲ့နန်းဆောင်ကိုပြန်စေကာသူကိုယ်တိုင်လည်းကိုယ်လုပ်တော်လေးနဲ့အတူဝေါယာဉ်ပေါ်တက်ကာလိုက်ပါသွားသည်
အဲ့တော့မှအထိန်းတော်ကြီးအပါအဝင်ကိုယ်လုပ်တော်နန်းဆောင်ကလူအများစုမှအသက်ဝဝရှူရတော့တယ်

"အင်း...."

ရှောင်းဘုရင်ကြီးရဲ့ရင်ခွင်ထဲကကိုယ်လုပ်တော်လေးကဗိုက်ကဒဏ်ရာကိုကိုင်ကာအနည်းငယ်ငြီးမိတော့
ရှောင်းဘုရင်ကြီးကကိုယ်လုပ်တော်လေးရဲ့ဗိုက်လေးကိုခပ်ဖွဖွပွတ်ပေးနေလိုက်တယ်

𝐾𝑖𝑛𝑔'𝑠 𝑏𝑒𝑎𝑢𝑡𝑖𝑓𝑢𝑙 ℎ𝑢𝑠𝑏𝑎𝑛𝑑Où les histoires vivent. Découvrez maintenant