Part ~ 6

6.1K 957 70
                                    

zawgyi

" တကယ်ပဲ.. ပညာတော်သင် သွားဖို့ ဆုံးဖြတ်ပြီးပြီလား.. "

" ကျွန်တော် မရှိတာက အဖေတို့အတွက် ပိုကောင်းတယ် မဟုတ်ဘူးလား.. ကျွန်တော့်ကို ပညာတော်သင် သွားဖို့သာ လုပ်ပေးပါ.. ကျန်တာတွေ စိတ်မ၀င်စားလို့ အဖေတို့မိသားစုကို လုံးဝ အနှောက်အယှက် မဖြစ်စေရဘူး.. "

" ထယ်လေး.. အဖေဆိုချင်တာက အဲ့လို မဟုတ်ဘူး.. "

" ကျွန်တော့်ကို ဒီမှာပဲ ဆက်နေဖို့ ဆွဲထားမယ်ဆိုရင် အဖေ့ရဲ့မိသားစု စိတ်ချမ်းသာရေးအတွက် ကျွန်တော် အာမမခံဘူးနော်.. ကျွန်တော် ဒီလထဲပဲ သွားချင်တယ်.."

စာကြည့်ခန်းထဲက အလုပ်စားပွဲ၌ ထိုင်နေသော အဖေ့ရဲ့ရှေ့မှောက် မိမိတက်ရောက် သင်ကြားလိုသည့် ကျောင်းတော်ကြီး အကြောင်း စုစည်းထားသည့် အချက်အလက်များကို ထယ်ယောင်း ချပေးလိုက်သည် ။

" ထယ်လေး.. တောင်ကိုးရီးယားရဲ့ ပညာရေးစနစ်တွေကလည်း ကောင်းနေတာပဲလေ.. ဘာလို့ နိုင်ငံရပ်ခြားထိ ပညာသွားသင်ချင်ရတာလဲ.. "

" မျက်စိအနောက်မခံချင်လို့... "

ငယ်စဉ်တုန်းတည်းက တရင်းတနှီး မနေခဲ့မိ၍ သားဖြစ်သူနှင့် သူ့၏ကြားက ဆက်ဆံရေးက သူစိမ်းထက်တောင် အေးစက်စိမ်းကားနေခဲ့သည် ။

ခေါင်းမာလွန်းသည့် သား၏အကြောင်းကို သိသည်မို့ ထပ်မံဖြောင်းဖျလည်း အကြောင်းထူးမည်မဟုတ် ။

" သားက သွားချင်တယ် ဆိုတော့လည်း.. အဖေ ဦးလေးဖီဆွန်းကို စီစဉ်ခိုင်းလိုက်မယ်.. ဒါပေမယ့် သား မှတ်ထားပါ.. အဖေတို့ ဆက်ဆံရေးက အမျိုးမျိုးသော အကြောင်းတွေကြောင့် အဆင်မပြေသလို ဖြစ်နေပေမယ့် အဖေက မင်းကို စိတ်ထဲ အရှိဆုံးပဲ.. စီးပွားရေးပိုင်းကို သေချာလေ့လာပါ.. သား ပြန်လာတာနဲ့.. အဖေ့ရဲ့ Royal Companyက သားအတွက်ပဲ.."

" ကျွန်တော် စိတ်မ၀င်စားတာမို့.. ကျွန်တော် ပညာသင်သွားဖို့ကိုသာ လုပ်ပေးပါ... ဒီလထဲ သွားမှ.. ပညာသင်နှစ်အစကို မှီမှာ.. "

" အင်းပါ.. "

ထယ်ယောင်း လိုချင်သည့် သဘောတူညီချက် ရသည်နှင့် ကျောခိုင်းထွက်ရန် ပြင်လိုက်ပြီးမှ ခြေလမ်းကို တန့်လိုက်သည် ။

Ko Ko Cinderella (Complete)Where stories live. Discover now