အနှိုင်းမဲ့ချစ်ခြင်း

857 53 2
                                    

မင်္ဂလာပါကျွန်တော်နာမည်ပတ်ဂျီမင်းပါကျွန်တော်အသက်၁၈နှစ်ပါ။ကျွန်တော်အဖေကမန်နေဂျာ၊ကျွန်တော်အမေကဆရာဝန်ပါ၊ကျွန်တော်တို့ကဘူဆန်မြို့မှာနေတာပါ။အမေကအ‌ဖေနဲ့လက်ထပ်ပြီးတော့အိမ်မှာပဲအိမ်ရှင်မအဖြစ်ပဲနေတော့တယ်။အခုကျွန်တော်အဖေတာဝန်ကျလို့မြို့လေးတမြို့ကိုပြောင်းရမှာ။
အဖေပြောတာကအဲဒီမြို့ကအရမ်းလှပြီးသာယာပြီးတိတ်ဆိတ်အေးချမ်းတယ်တဲ့။အဲဒီမြို့ကိုပြောင်းဖို့ကိုကျွန်တော်စိတ်ကြီးတမျိုးဖြစ်နေတယ်။အမေကတော့သားစိတ်လှုပ်ရှားနေလို့ပါတဲ့။ဒါပေမယ့်ကျွန်တော်စိတ်ထဲမှာတော့တယောက်ယောက်ကကျွန်တော်ကိုစောင့်နေတယ်လို့ခံစားရတယ်။ကျွန်တော်ငယ်ငယ်ကတည်းကတယောက်ယောက်ကကျွန်တော်လာခေါ်မယ်ဆိုတာသိနေတယ်ဒါပေမယ့်ဘယ်သူလာခေါ်မလဲတော့ကျွန်တော်မသိဘူး။အခုကျွန်တော်တို့အဲဒီမြို့ကိုပြောင်းရတော့ကျွန်တော်ပိုပြီးတော့ခံစားမိတယ်။

ဂျီမင်း‌အမေ- ဂျီမင်းသားရေမပြီးသေးဘူးလား

ဂျီမင်း-ကျွန်တော်အကုန်ထည့်ပြီးသွားပြီအခုဆင်းလာခဲ့မယ်မေမေ

ဂျီမင်းအမေ-အေးအေးမြန်မြန်လာသားရေ

ဂျီမင်း-ဟုတ်

ဂျီမင်းတယောက်အထုပ်များကိုယူပြီးအောက်ထပ်သို့ဆင်းလာခဲ့သည်။

ဂျီမင်း-မေမေပြီးပြီသွားကြမယ်လေ

ဂျီမင်းအမေ-အေးအေးသားအဖေကိုအထုပ်တွေကူထည့်ပေးလိုက်ဦး

ဂျီမင်း-ဟုတ်

ဂျီမင်းအထုပ်တွေထည့်ပြီးတော့

ဂျီမင်းအဖေ-ဂျီမင်းသားရေအိမ်ထဲကိုသွားပြီးတံခါးတွေပိတ်ထားတာလုံမလုံ သွားစစ်ကြည့်လိုက်အုံး။ဖေဖေ ပစ္စည်းကားဆရာနဲ့စကားသွားပြောအုံးမယ်

ဂျီမင်း-ဟုတ်ဖေဖေ

ဂျီမင်းလဲအိမ်ထဲသို့ပြန်ဝင်ပြီးအောက်ထပ်ကပြတင်းပေါက်တွေ‌ပိတ်ထားမထားစစ်နေသည်။ပြီးတော့အပေါ်ထပ်ကိုတပ်ပြီးတံခါးတွေထပ်စစ်နေသည်။စစ်ပြီးတော့အောက်ထပ်ဆင်းဖို့လှေကားအလယ်အရောက်ဖြတ်ခနဲဖြတ်သွားသောအရာတခုကြောင့်ဂျီမင်းလန့်သွားမိသည်။

အနှိုင်းမဲ့ချစ်ခြင်းOnde as histórias ganham vida. Descobre agora