Come For Ya - 3

2.2K 240 1
                                    

[ မင်းကိုသဘောကျနေတာက ကိုယ့်ရဲ့လျှို့ဝှက်ချက် ]

ရွှေလိုအဖိုးတန်တဲ့ပိတ်ရက်တွေကုန်သွားပြီး အလုပ်လုပ်ရမယ့်​နေ့ရက်တွေကပြန်စလာခဲ့သည်။ တနင်္လာနေ့တွင်ဝန်ထမ်းတော်တော်များများ အလုပ်နောက်ကျကြသည်။ ကောင်လေးနဲ့သူနဲ့ကတော့ခြွင်းချက်ပေါ့။

ဓာတ်လှေကားထဲတွင် သိပ်သည်းနေတဲ့လေထုကရှောင်းကျန့်ကို အတော်လေးနေရခက်စေသည်။ အနည်းငယ်ကွာဝေးနေပေမဲ့ ကောင်လေးဆီကနေကိုယ်သင်းရနံ့ဖျော့ဖျော့က သူ့ကိုအတော်လေးစိတ်လှုပ်ရှားစေပြန်သည်။

အထက်လူကြီးတစ်ယောက်နဲ့ လက်အောက်ဝန်ထမ်းတစ်ယောက်ကို ဘယ်လိုစကားစရမလဲတွေးတောနေချိန် ဓာတ်လှေကားတံခါးကပွင့်သွားပြီး ကောင်လေးကနှုတ်ဆက်လို့ထွက်သွားတော့သည်။

သိကြောင်းခေါင်းတစ်ချက်ငြိမ့်ပြပြီး နောက်ကျောလေးအားနှမြောတသကြည့်မိသည်။

" ဆံပင်ညှပ်ထားတာပဲ ၊ လုံးလုံးလေးနဲ့ဆံပင်လေးကအစ ချစ်ဖို့ကောင်းနေတော့တာပဲ "

အိတ်ကပ်ထဲကလက်ကိုင်ပဝါကိုထုတ်လို့ မျက်ရည်စတွေသုတ်မိတော့သည်။

07-10-21








07-10-21

你是我的秘密 (Come For Ya) [ ZHANYI ]Where stories live. Discover now