အခန်း ၅

50 7 7
                                    

                               နံရံ

ခေတ်စားနေသည့် fengsu 125 စကူတာကို အားဟန့် ရွေးလိုက်သည်။ ဒေ့ဗ်ဝမ်သည် ကြော်ငြာသီချင်း အသက်ဝင်အောင် သူ၏ အားကောင်းသည့်အသံဖြင့် ဦးဆောင်နေကာ လှပ‌‌ကျော့ရှင်းသည့်တွဲဖက်သရုပ်‌ဆောင် မာကျွိုက်ကျုကို ကူညီပံ့ပိုးပေး၏။ ထိုတက်ကြွ‌သောသီချင်းသည် ယခုနှစ်တွင် လူငယ်တော်တော်များများ စကူတာ ဝယ်အောင် ဆွဲဆောင်နိုင်ခဲ့သည်။

ပုံမှန်အဝါရောင်မော်ဒယ်နှင့် မကြာသေးခင်ကမှ အသစ်ထွက်ထားသည့် အနက်ရောင်‌‌မော်ဒယ်ကြား အားဟန့် ဝေခွဲမရဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ရဲရင့်ပြီး တောက်ပသည့် အဝါရောင်ကို ဘတ်ဒ်ဒီ ပိုသဘောကျလိမ့်မည်ထင်ကာ အဝါရောင်ကိုသာ ရွေးလိုက်၏။

စကူတာရောက်လာသည့်နေ့တွင် အားဟန့် စိတ်‌တက်ကြွစွာ အစမ်းမောင်းကြည့်ရန် ဘတ်ဒ်ဒီကို ခေါ်လိုက်သည်။

ကမ်း‌ခြေတစ်လျှောက် အရှိန်အပြည့်ဖြင့် မောင်းလိုက်ကြကာ အဆုတ်တွေ ပေါက်ကွဲထွက်လုနီးပါး အော်ဟစ်လိုက်ကြသည်။ ဆိုင်ကယ်ဦးထုပ်ဆောင်းရန် သူ့မိခင် သတိပေးခဲ့သည်ကို အားဟန့် အရေးမစိုက်သည့်အပြင် ဘတ်ဒ်ဒီကလည်း ဂရုစိုက်သည့်ပုံမပေါ်ပေ။

ကြော်ငြာထဲက ဒေ့ဗ်ဝမ်နှင့် မာကျွိုက်ကျုတို့လည်း ဆိုင်ကယ်ဦးထုပ် မဆောင်းထားကြ။ ဘယ်သူကများ ဆိုင်ကယ်ဦးထုပ်တွေနဲ့ပတ်သက်ပြီး မိဘတွေရဲ့ စကားကို နားထောင်ကြလို့လဲ။

"မင်း သဘောကျရဲ့လား" အားဟန့် ဂုဏ်ယူစွာဖြင့် ဘတ်ဒ်ဒီအား မေးရန် လှည့်လိုက်၏။

"မင်းရဲ့ဟာလေ" ဘတ်ဒ်ဒီက ပြန်အော်လာခဲ့သည်။ "မင်း ကြိုက်ဖို့ပဲ အရေးကြီးတာ"

"ငါတို့ရဲ့ဟာ ဖြစ်လာမှာ" အားဟန့် ပြန်ဖြေလိုက်၏။

ထိုစကူတာသည် သူတို့အပိုင် ဖြစ်လာလိမ့်မည်။

ပစ္စည်းတော်တော်များများသည် သူတို့နှစ်ယောက်စလုံးအပိုင် ဖြစ်လာလိမ့်မည်။
___________________________________

ထိုနေ့ညတွင် ပိုစတာ ထပ်ခိုးရန် ရုပ်ရှင်ရုံကို သူတို့ ပြန်သွားခဲ့ကြသည်။

Your name Engraved Herein (Mm Trans)Where stories live. Discover now