🚫

13.5K 256 40
                                    

(Unicode)

မိုးအိမ်အခု မင်းညိုရဲ့အိမ်တွင် ရောက်ရှိနေသည်။ ကျောင်းတုန်းက သူငယ်ချင်းတွေနှင့် ပြန်တွေ့ကာ night out ထွက်သွားသော မင်းညိုရဲ့ အိမ်ပြန်အလာကို လာစောင့်ခြင်းဖြစ်သည်။ အခုသွားကြသောအဖွဲ့ထဲမှာ ဆေးသုံးတတ်တဲ့သူတွေပါနေတာကြောင့် မတော်တဆ တစ်ခုခုဖြစ်သွားမှာ စိတ်ပူနေရပြီး အိမ်ကိုသေချာပြန်ရောက်တာမြင်ရမှ စိတ်အေးမှာမို့ပင်။

ညတစ်နာရီထိုးခါနီးမှာတော့ မင်းညိုပြန်ရောက်လာပါသည်။ အသိစိတ်ရှိသေးပေမဲ့ ခြေလှမ်းတွေကတော့ ယိုင်တိုင်တိုင်ဖြစ်နေသည်။ အခန်းထဲရောက်တဲ့အခါ မိုးအိမ်ကိုတွေ့တော့ မင်းညိုက အံ့ဩသွားသည်။ မိုးအိမ်က ကြိုမပြောထားပဲ လာစောင့်နေသည်ကိုး..

"မိုးအိမ်... ကိုကို့ကလေးလေး... ဘယ်တုန်းကရောက်နေတာလဲ..."

မိုးအိမ်ဆီလျှောက်လာတာ ခါးကိုသိုင်းဖက်ပြီးမေးလာသည်။

"၉နာရီလောက်က..."
"ကြာလှပြီ ကိုကို့ကိုစောင့်နေတာပေါ့ ဟုတ်လား..."

မင်းညိုက လည်ပင်းတွေ မျက်နှာတွေကို နေရာအနှံ့တစ်ဖွဖွလိုက်နမ်းနေသည်။ စူးနေသည့်အရက်နံ့နှင့် ဆေးလိပ်နံ့ကြောင့် မိုးအိမ်စိတ်အနည်းငယ်ရှုပ်လာသည်။

"ကိုကို ဖယ်ဦး... ရေသွားချိုး သွား..."
"မချိုးဘူး... နမ်းဦးမှာ..."

မိုးအိမ်က မင်းညို၏ ရင်ဘတ်ကိုတွန်းထားပြီး...

"ပြီးမှနမ်း ကိုကိုရာ.. ရေအရင်သွားချိုးပါဦးဆို... တစ်ကိုယ်လုံး အရက်နံ့တွေချည်းပဲ..."
"မရဘူးကွာ... ummm ချစ်တယ်... ကိုကို့ကလေးလေး..."

မင်းညိုက မိုးအိမ်ကို အိပ်ယာဆီ တွန်းလှဲလိုက်ပြီး အငမ်းမရနမ်းလာသည်။

"ကိုကို အွန်း... နေပါဦးဆို... အွန်း..."

နမ်းနေရင်း မိုးအိမ်ရဲ့ အင်္ကျီတွေဘောင်းဘီတွေကို ဆွဲချွတ်ကာ တစ်ကိုယ်လုံးကို ပွတ်သတ်နေသည်။

"ကိုကို ငါဒီနေ့ စိတ်မပါဘူး..."
"လုပ်ရင်းနဲ့ပါသွားမှာပေါ့ ကလေးရယ်... ကိုကိုအရမ်းလိုချင်နေပြီ..."

မင်းညိုက သူ့အင်္ကျီတွေကိုပါချွတ်ပြီး ဆက်နမ်းသည်။ မိုးအိမ်တွန်းနေပေမဲ့ အင်အားချင်းကမမျှတော့ အရာမထင်ပေ။

You've reached the end of published parts.

⏰ Last updated: Oct 09, 2021 ⏰

Add this story to your Library to get notified about new parts!

မိုးအိမ်Where stories live. Discover now