Part-55🐼

1.9K 184 40
                                    

L Hospital...... VIP Room

ညစာစားနေရင်း Jiyeonတွေးမိနေတာက

*ငါသူ့ကိုတောင်းပန်သင့်တယ်မလား ...အာ့ညီး ငါသူကူညီထားတာမှမသိတာ ...မတောင်းပန်နိူင်ပါဘူး....အား ရူးတော့မှာပဲ*

ညစာစားရင်းဇွန်းကိုကိုင်ထားပီး မစားပဲရပ်နေတာကြောင့် Taeyoungက

''Yeonလေး ဆန်ပြုတ်ကအဆင်မပြေလို့လား"

"အာ့ အာ့ညီး Appa..."(smile)

"ဒါဆို စားလေ အေးကုန်တော့မှာပဲ ဒီခလေးကတော့"

Taeyoungစကားကြောင့် Jiyeonဆန်ပြုတ်ကို တစ်ဇွန်းခပ်စားလိုက်ရင်း

"Appa..."

"ပြောလေ ...Appaကိုဘာပူဆာမို့လည်း..."(smile)

"ဟာ Appaကလည်း ပူဆာပါဘူး Yeonကမေးစရာရှိလို့"

"ဟေ...."

"ဟိုဟာလေ....လူတစ်ယောက်ကို အမှားမလုပ်ထားပဲ တောင်းပန်သင့်လားဟင်''

"Yeonလေးမေးတာကို Appa တောင်မျက်စိလည်သွားပီ/...."

"ဒီလို Appa ရဲ့ လူတစ်ယောက်က တစ်ခြားသူမသိအောင်ကူညီထားပေမယ့် သူကူညီထားတဲ့သူက မသိပဲအပြစ်ပြောမိသွားတာ အဲ့တာပြန်တောင်းပန်သင့်လားလို့"

"Omm...ဘယ်လိုပြောရမလည်း နှစ်ဖက်စလုံးက မှန်တယ်ထင်ပေမယ့် လူကျင့်ဝတ်အရ မသိပဲ အပြစ်ပြောမိတဲ့သူက တောင်းပန်သင့်တယ်လို့ Appaထင်တယ် ဘာလို့မေးတာလည်း Yeonလေးက"

"Yeonကလေ အဲ့Doctorရဲ့ စေတနာကို စော်ကားမိသလို ဖစ်သွားတာ သူကူညီထားမှန်းမသိပဲ ပုဂ္ဂိုလ်ရေးအရ ပိုဂရုမစိုက်နဲ့ ပုံမှန်ဆက်ဆံ ပိုက်ဆံပိုပေးမယ်လို့ပြောမိသွားတာ"

မျက်နှာငယ်လေးနဲ့ Yeonရှင်းပြနေတာကြောင့် ကုတင်ဘေးဝင်ထိုင်ကာ သမီးဖစ်သူပုခုံးလေးကို ပွေ့ဖက်လိုက်ရင်း....

"Yeonလေးအပြစ်လည်း မဟုတ်သလို အဲ့Doctorလေးလည်းမမှားပါဘူး ဒါပေမယ့် Yeonလေးတောင်းပန်သင့်တယ်"

"Nae...Appa...."

"လိမ်မာနေတာ..."

"ဟီး..."

"စားပီးပီဆိုတော့ ဆေးသောက်ရအောင် ပီးရင် အနားယူတော့ Appaလည်း မနက်Meetingရှိသေးတယ်"

💛True Love💛{Completed}Where stories live. Discover now