Because of you
💧(42)💧
[ဒီကမ္ဘာထဲကိုဆွဲသွင်းခဲ့သူ]သားရဲတောနဲ့ ၄မိုင်လောက်သာဝေးတဲ့ နေရာတွင် မြို့တစ်မြို့ ရှိသည်။ ထိုနေရာတွင် အင်မတန်ကြီးမားပြီး လူရှိန်စရာကောင်းသော လေလံအိမ်ကြီးလည်း ရှိ၏။ ကံကောင်းသွားသည်မှာ သူတို့ရောက်တဲ့အချိန်မှာ လေလံအိမ်က လေလံပွဲအတွက် ပစ္စည်းတွေ စုဆောင်းနေပြီဖြစ်သည်။
တစ်ပတ်ကြာလျှင် လေလံပွဲက ပြုလုပ်တော့မည်။ ချင်ဝမ်ချန်း နဲ့ ဟွမ်လောင်သည် နှစ်၁၀၀၀ သားရဲသလင်းနဲ့ ဆေးပင်သုံးပင်ကို လေလံဆွဲရန် စာရင်းသွင်းလိုက်ပြီး ရွှယ်ရှဲ့လင်ကတော့ ဝိညာဥ်သလင်းကို စာရင်းပေးထားလေသည်။
လေလံအိမ်က လေလံပစ္စည်းတွေကို သတင်းလွှင့်လိုက်တာနဲ့ ဆေးပင်ကို စိတ်ဝင်စားသူများ ရောက်လာကြသလို ဝိညာဥ်သလင်းအတွက် ရောက်လာကြသူများလည်း ရှိလာသည်။
မုန့်ချွေ့သည် တည်းခိုခန်းပြတင်းပေါက်ကနေ မြို့ထဲတွင် ပျားပန်းခတ်နေကြတဲ့ ကျင့်ကြံသူတွေကိုကြည့်ပြီး မကြာခင် ရွှေထုပ်ကြီးပိုက်ရတော့မှာကို တွေးရင်း ပျော်ရွှင်နေ၏။ သူပြုံးစိစိနဲ့ သဘောကျနေစဥ် ရုတ်တရက် ပါးတစ်ဖက်ကို တစ်ယောက်သောသူက နမ်းရှိုက်လာသည်။
"ဘာတွေ သဘောကျနေတာလဲ?"
"ရွှေထုပ်ကြီး ရတော့မယ်လေ"
"ဟားဟား....""ကျွန်တော် တကယ်ဒီထဲမှာ မသေချင်ဘူးရယ်... အပြင်လောကကမှ အေးချမ်းအုံးမယ်ထင်တယ်... အနည်းဆုံးတော့ အလုပ်ရှုပ်တဲ့ လေလံပွဲကို လာစရာမလိုဘူးလေ"
"ကိုယ်တို့ မြန်မြန်ပြန်ထွက်နိုင်မှာပါ""အွန်း.... ကျွန်တော်တို့ ဟိုဘက်ကို ပြန်ရောက်ရင် အဆောင်အတူတူ ငှားနေကြမလား"
"ချွေ့အာက ကိုယ်နဲ့အတူ နေချင်လို့လား""မရဘူးလား"
"ဟား....ရတာပေါ့ သိပ်ရတာပေါ့ အတူတူ အဆောင်ငှားနေကြမယ်"မုန့်ချွေ့ သူ့နှာခေါင်းကိုပွတ်ရင်း။
"ဟို..... ကိုကိုတို့မိဘတွေက ကျွန်တော်တို့အကြောင်း သိသွားရင် လက်ခံမယ်လို့ထင်လား..."
"သူတို့လား? ကိုယ်အဲ့တာတော့ မပြောတတ်ဘူး ဒါပေမဲ့ ကိုယ်မိန်းကလေးကို မကြိုက်ဘူးဆိုတာတော့ သူတို့သိတယ်လေ... "
YOU ARE READING
Because of you (Complete)