Part 11

1K 133 4
                                    

Zawgyi code

အစ်ကို့ကိုလွမ်းပေမဲ့နေ့စဉ်လည်ပတ်မှုကတော့မပျက်တမ်းလည်ပတ်ဆဲပါဘဲ ညီမငယ်နှင့်ဆိုင်ထိုင်ရုပ်သေးရုပ်လေးတွေရောင်းပြီး ညနေစောင်းမိုးအနည်းငယ်ရွာစပြုတော့ဆိုင်သိမ်းရန်ပြင်ရသည်။

"ညီ"

"အောင်မလေးဘုရား"

ဆိုင်သိမ်းနေတုန်းရုတ်တရက်ကျောကိုပုတ်လိုက်တာကြောင့်လန့်ပြီးတုန်သွားသည်။

"အစ်ကိုစိုးစံ"

စိုးစံ ဆိုတာကမန္တလေးမြို့မှာguideလုပ်တဲ့သူငယ်ချင်းချင်းဖြစ်သည်။ အစ်ကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လိုခင်မင်အာကိုးရသူလဲဖြစ်သည်။

"ညီ..မျက်နှာလဲမကောင်းပါ့လား ဘာဖြစ်လို့လဲ
အစ်ကို့ကိုပြောလေ"

"ညီ ဧည့်သည်တစ်ယောက်ကိုချစ်မိနေပြီ"

"ဘာ!!"

ညီဆိုတဲ့ကောင်လေးလူပျိုဖြစ်စအချိန်တည်းကဧည့်သည်တွေကိုမချစ်မိစေဖို့ကိုယ်တိုင်ထိန်းကျောင်းစောင့်ရှောက်ကာကွယ်ပေးခဲ့ပေမဲ့ အခုကိုယ် မန္တလေးခဏပြန်တဲ့အချိန် ဒီလိုဖြစ်သွားပြီဆိုတော့ ရင်ဝကိုဆောင့်ကန်သလိုခံစားရသည်။

"ဘယ်လိုဖြစ်တာလဲပြောပါဦး"

"သူကဒီကို၁ပတ်အလည်လာတာ သူကိုယ်တိုင်က ညီ့ကိုချစ်တယ်တဲ့ ညီလဲချစ်တယ် အခြေနေမတူလို့မပြောသေးတာ"

"၁ပတ်ထဲနဲ့အဲ့လောက်အပိုင်ချည်နိုင်ရအောင် ဟိုကောင်ကဆေးတို့သွားသလား"

"အစ်ကိုအဲ့လိုမပြောပါနဲ့ ချစ်ရာအတွက်သူ့ကိုလိုတယ် ချစ်ရာသူ့ကိုချစ်တယ်..အစ်ကို့မှာတားပိုင်ခွင့် ပြောပိုင်ခွင့်မရှိဘူး ချစ်ရာရဲ့မိဘတွေတောင်မချစ်လို့ပစ်ခဲ့တာ အစ်ကိုကဂရုစိုက်မနေနဲ့"

တစ်ပတ်လောက်သာတွေ့ခဲ့ရတဲ့လူကြောင့်အစ်ကို့ကိုအော်ဟစ်သတဲ့လားညီရယ် ညီဆိုတာဟိုးအရင်တည်းကကိုယ့်နှလုံးသားကိုအပိုင်စားရခဲ့တဲ့ကောင်လေးပါ ဘာလို့အခုမှထွက်ပြေးချင်နေသလဲ။

ညီကဆူဆောငါ့သောစကားတွေပြောပြီးသူ့ရဲ့ညီမလက်ကိုဆွဲကာထွက်သွားသည်။

ပုဂံမြေမှအိုချစ်ရာ (Completed)Where stories live. Discover now