ရှုပ်ထွေးလွန်းသော အရိပ်မြုံ (အပိုင်း၉)- Uni and Zaw

1.7K 77 1
                                    

Uni
မြင်လိုက်ရတဲ့မြင်ကွင်းမှာ ရွှေစင်အား ကိုမိုးသစ်က သူ့ကိုယ်ကို အပေါ်မှမိုး၍ ရွှေစင်လက်များအား ချုပ်နောင်ထားသည့် မြင်ကွင်းပင်။

"ဟို ဟို မြူ သတိမထားမိလိုက်လို့ပါ။ တံခါးဟနေတော့ ကော်ဖီလာပို့ ပို့ရင်း...."

မြူစကားမဆုံးခင် မိုးသစ်မှ

"ရှေ့တိုးမလာပဲ မင်းထွက်သွားစမ်း ငါ့အခန်းထဲ ငါ့ခွင့်ပြုချက်မရပဲ မဝင်ပါနဲ့လို့ပြောထားတယ်မှတ်လား ထွက်သွား!!!!"

"ဟု ဟုတ်.."

သူမ ‌ ရှေ့တိုးလာရင် ဖန်ခွက်ကွဲစတွေ ဆူးမှာဆိုးလို့အော်လိုက်တာတော့ ဘယ်သူသိမလဲနော်။

မြူလည်းကိုယ့်အခန်းကိုယ်ဝင်ပြီး အောက်ဆီဂျင်ဗူးရှာပြီးရှုရလေတော့သည်။ ဟုတ်ပါသည်။ မြူ့မှာ အသက်ရှုကျပ်တတ်သည့် ရောဂါမျိုးရှိတာအမှန်ပင်။ အဲ့ဒါကလည်း အရမ်းအကြောက်လွန်စွာလန့်ပြီးမှ ဘာမှမပြောနိုင်အောင် အသက်ရှုကျပ်ခြင်း‌မျိုးပင်။ ပန်းနာရင်ကြပ်တော့မဟုတ်ပါ။
(သာသာ ပြောတာ သိကြမယ် ထင်တယ်။ ပန်းနာရင်ကြပ်လို့မဟုတ်ပါဘူး ကြောက်လန့်စရာတစ်ခုခု မြင်ရင် ဘာမှမပြောနိုင်တော့ပဲ ရောက်ရာနေရာမှာ အသက်ရှုကျပ်နေတာမျိုးလေ သိလား။ သာသာ့ သူငယ်ချင်းတစ်ယောက်လည်းအဲ့လိုမျိုးပဲ။)

"ရွှေစင် မင်းလည်းဒီထက် မင်းသိက္ခာကို မနှိမ့်ချစမ်းနဲ့။ ငါမင်းအကျီ ကော်ဖီ မှောက်သွားလို့ အိမ်ရှင် ဝတ္တရား အရ ငါ့အခန်းထဲ ပေးဝင်ရတာကို ယောက်မတတ်နဲ့။ မင်းအဖေမျက်နှာကြောင့် ငါမသိချင်ယောင်ဆောင်ပေးမယ် သွားတော့။"

"ရွှေစင်တစ်ခုမေးလို့ရမလား"

"ဘာလဲ"

"ခုနက ကောင်မလေးက အကိုနဲ့ ဘယ်လိုပတ်သက်လဲ။"

မိုးသစ်တစ်ခဏတာ စဉ်းစားလိုက်ပြီး

"အလုပ်သမားအသစ် ရောက်တာမကြာသေးဘူး"

"အော်"

"သိချင်တာသိပြီမလား သွားတော့"

"အင်းပါ။ နောက်အပတ်ရုံးမှာတွေ့ကြတာပေါ့ သွားပြီ။"

ရွှေစင်က မိုးသစ်အား ခနဲ့ သလိုမျိုးပြောသွားထွက်သွားလေသည်။ အမှန်တော့.....

ရှုပ်ထွေးလွန်းသော အရိပ်မြုံ 💒 {Complete}Where stories live. Discover now