Chapter<4>

3.8K 325 4
                                    

အချစ်နှင့်စစ်ရက်ရှည်
Chapter<4>

ဗိုလ်ချုပ်မှူးအဆောင်ထဲကပြေးထွက်လာတဲ့သူ့ကိုတပ်ကြပ်လီကလက်ယက်ခေါ်တယ်။အနားရောက်တော့အဆင်ပြေလားမေးပါရော..

"အဆင်ပြေလားကောင်လေး"

". ..."

"ဘာဖြစ်လာတာလဲ"

"အင့်.."

"ဟေ့..ရှောင်ကျန့်.."

"အဟင့်..ဟင့်..အီးးဟီးးး"

"ဟင်..ငိုတယ်..ဘာလို့ငိုရတာတုန်း..ဗိုလ်မှူးကဟောက်လွှတ်လိုက်လို့လား"

"ဟင့်..ကြောက်..ကြောက်တယ်..အဟင့်..ရွှတ်.."

"အော်..ငါ့နှယ်..တစ်ခုခုဖြစ်လာတာမှတ်လို့.."

ကလေးတစ်ယောက်လိုတရှိုက်မတ်မတ်ငိုနေတဲ့သူ့ကိုစစ်သားတစ်ချို့ကလှောင်ပြောင်နေကြသည်။

"ဒီလောက်လေးကိုတောင်ပျော့တိပျော့ဖက်နဲ့..ဟက်..တပ်ကြပ်ကြီးရဲ့babyလေးကအကြမ်းမခံဘူးထင်တယ်.."

ရုတ်တရပ်ကြီးအနားရောက်လာကာမထိတထိအပေါ်စီးကဆက်ဆံနေတဲ့ထိုလူ...ရှောင်ကျန့်စိတ်ထဲပိုပြီးဝမ်းနည်းလာသည်။

"ပြည်သူကိုမကာကွယ်ခင်မင်းကိုယ်မင်းအရင်ကာအုံး..ဒီတပ်ထဲမှာမင်းလိုဟာမျိုးလေးကိုအစိမ်းစားချင်နေတဲ့သူတွေအများကြီး.."

"လီဖေးးး.."

အနားလာပြီးဘာတွေပြောနေမှန်းသူနားမလည်ပါ..စကားပြောပုံနဲ့ခတ်ထန်နေတဲ့မျက်လုံးတွေကိုကြည့်ရရင်တော့သူ့အပေါ်သိပ်မကြည်မှန်းရိပ်စားမိတယ်။

"တပ်ကြပ်ကြီးကမင်းကိုထိတော့မခံနိုင်ဘူးပဲ..ဘာတွေနဲ့ပြုစားထားတာလဲ"

"ဝမ်လီဖေးးးအခုလေ့ကျင့်ခန်းသွားလုပ်စမ်း..မင်းတို့ကိုဒီခေါ်ထားတာဒီလိုရန်စဖို့အတွက်မဟုတ်ဘူး"

"ဟက်..သွားမှာပါ..ကြိုးစားနော်.."

သွားခါနီးတောင်ရှောင်ကျန့်ခေါင်းကိုပုတ်သွားသေးသည်။

"မင်းတို့လည်းသွားတော့..အားယားနေလား"

"ဟုတ်ကဲ့..တပ်ကြပ်ကြီး"

"အင်းးး"

အနားရှိတဲ့တပ်သားတွေကိုအကုန်အဝေးသွားခိုင်းပြီးတပ်ကြပ်လီကသူ့ကိုဆွဲထူတယ်။

👨‍✈️အချစ်နှင့်စစ်ရက်ရှည်[Completed]Where stories live. Discover now