ဓာတ်ပုံရိုက်နေတဲ့ မြင်ကွင်းထဲကို ဝင်လာတဲ့ ကောင်လေးတစ်ယောက်။ ချယ်ရီပင်ကို မော့ကြည့်ပြီးတော့ ကြွေကျလာတဲ့ ပွင့်ဖတ်လေးတွေကို လိုက်ဖမ်းနေတဲ့ ပုံစံက ဘာလို့ အဲ့လောက် အသက်ဝင်နေရတာလဲ...။ ဒီလို ပုံရိပ်ကို အမိအရ ဖမ်းယူမိလိုက်တာ တကယ်ကို ဘဝမှာ ချဖူးတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အမှန်ဆုံး ဖြစ်လိမ့်မည်။
ပြီးတော့ သူ့နားကို သွားလိုက်ပြီးတော့ ထပ်ပြီးတော့ ဓာတ်ပုံရိုက်လို့ရမလား မေးလိုက်သည်။
"တဆိတ်လောက်"
"ဗျာ..ကျွန်တော့်ကိုလား"
"အင်း...တခုလောက်မေးချင်လို့ရမလား"
"အော် ဟုတ်"
"ခုနက ပုံလေးက အရမ်းအသက်ဝင်လို့ ကျွန်တော် ဓာတ်ပုံလေး ရိုက်မိလိုက်တာ အဲ့တာလေး ကျွန်တော့်ကို sns မှာ ပြန်တင်ဖို့ ခွင့်ပြုနိုင်မလား"
"..."
"ဒါက ကျွန်တော့်အကောင့်ပါ...ကျွန်တော့်လက်ရာတွေကို ကြည့်နိုင်ပါတယ်"
"အင်း...သုံးပါ ရပါတယ် ပုံလေးတစ်ပုံပဲကို"
"နောက်ထပ်ရော တောင်းဆိုလို့ရမလား"
"ဘာများလဲ"
"နောက်ထပ် ၂ပုံလောက်ပဲ...ထပ်ရိုက်ချင်လို့ပါ"
"...."
မျှော်လင့်တကြီးနဲ့ သူ့မျက်လုံးတွေကို အသနားခံပြီး ကြည့်လိုက်တော့ ခွင့်ပြုလာသည်။
"ကောင်းပါပြီ"
"ဒါဆို ကျွန်တော်နဲ့ အတူ လမ်းလျှောက်ပါ့လား...ဒီတိုင်းဆို ပုံတွေက သဘာဝမကျပဲနေလိမ့်မယ်...ကွတ်တိ ၂ပုံပဲ ရိုက်ပါ့မယ်"
"အဲ့လိုဆို ကျွန်တော် အဆင်မပြေဘူး...ကျွန်တော်က လူစောင့်နေတာ"
"အော်...ဒါဆို ကူစောင့်မယ်လေ"
"ရပါတယ် သွားစရာရှိတာ သွားပါ ပြီးမှ ရိုက်တာပေါ့"
"အဲ့လိုလဲ ပြေပါတယ် ဒါဆို ခွင့်ပြုပါဦး"
"ဟုတ်"
"အော်...ဒါနဲ့ နာမည်က"
"Jun လို့ပဲ မှတ်ထားပါ"