နောက်ဆုံးအချိန်ထိတွဲထားချင်တဲ့ လက်တစ်စုံဟာ ငယ်ဖြစ်ကြောင်း

13K 266 3
                                    


ကိုကို့ရဲ့ငယ်...✨

"မိန်းမိန်းငယ်ရေ ဟဲ့ မိန်းငယ် ငါခေါ်နေတာမကြားဘူးလား...
ဒီကလေးမကတော့နားရောကောင်းသေးရဲ့လား မသိဘူး....ခေါ်နေတာအသက်ထွက်တော့မယ်...ဟဲ့ သမီး...
အေး ငါလာပြီ ငါလာပြီ နင်တော့ အသေပဲ..."

အမေကဖျစ်တောက်ဖျစ်တောက်ရွတ်ရင်း အပေါ်ထပ်ကို ခြေသံတဒုန်းဒုန်းမြည်အောင် တက်လာတာကို
မိန်းငယ် လုံးဝဂရုမစိုက်နိုင်သေးဘူး...သူမကမ္ဘာကြီးကိုကြည့်နေရရင်
ထိုကလေးမက ထမင်း​မေ့ဟင်းမေ့ရယ်...။

ဝရန်တာကနေ ဟိုဘက်ခြံကျယ်ကြီးထဲကို
တမေ့တမော့ကြည့်နေတဲ့သူ့ နောက်မှာ
သောက်ရေခွက်တစ်ခွက်ကိုင်ပြီး ဒေါသတကြီးရပ်နေတဲ့ အမေကိုတောင်
သတိမထားနိုင်လောက်အောင် လူတစ်ယောက်ရဲ့ ဆွဲဆောင်မူကိုခံနေရ၏။

လက်ထဲကအားလူးကြော်ထုတ်ကို အဆက်မပြတ်ဝါးရင်း ဟိုဘက်ခြံကို
ငေးနေပါသော...ချစ်ရတဲ့သမီးလေး၏ခေါင်းကို ဒေါ်ခင်မြင့်ကြည် လက်ထဲက
ရေခွက်လေးကိုအပေါ်သို့မြောက်ကာ...

"ခွပ်..."

"အားးးး....နာတယ် အမေရ...ကြည့်ဦး ခွက်ကြီးနဲ့သူများခေါင်းကို..."

"ခွက်ကြီးနဲ့သူများ ခေါင်းကိုလုပ်ရမှာပေါ့....ငါခေါ်နေတာ အခေါက်ပေါင်းမနည်းဘူး...အဲ့လောက်ခေါ်နေတာမကြားရအောင် နင်ကဘာလုပ်နေတာလဲ...မိန်းမိန်းငယ် ငါ့ကိုပြောစမ်း "

အခုချိန်ထိ သူ့သမီးဘာလုပ်နေလဲဆိုတာ ဒေါ်ခင်မြင့်ကြည်သတိမထားမိသေးဘူး...
ခေါက်လိုက်တာတောင် ခပ်စွာစွာပြန်အော်ပြီး ရှေ့လှည့်...မုန့်စား၍ ဟိုဘက်အိမ်ကို
သည်းကြီးမည်းကြီးကြည့်နေတုန်း...။

ဟိုဘက်အိမ်ကိုကြည့်တော့လည်း ​ကောင်လေးတွေ ကြက်တောင်ရိုက်နေတာပဲတွေ့သည်။ဒါလည်းနှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့
အိမ်ကကလေးတွေပါ...ဒါဆို ဒီကောင်မလေးဘာကိုများဒီလောက်ကြည့်နေသနည်း...။

"အမေကလည်း ငယ်ဘာမှမလုပ်ဘူး ဒီတိုင်း ငမ်းနေတာ "

"ဘာကိုငမ်းတာလဲ ဒီကောင်မလေး ကိုယ့်ကိုကိုယ့် မိန်းကလေးဆိုတာလည်းသိဦး...
စကားကိုကြည့်ပြောစမ်း "

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now