ရိုးရိုးလေးပါပဲ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုကို့နားရှိနေချင်ရုံ

2.7K 98 1
                                    

ကိုကို့ရဲ့ငယ်..✨

"မိန်းငယ်ရေ သမီး အစ်ကို လာတယ် "

အခန်းထဲမှာ စာလုပ်နေရင်း အမေ့ခေါ်သံကြောင့် မိန်းငယ် ဆင်းလာ၏။
ပုံမှန်ဆို စာလုပ်နေလို့ ဘာညာ ဆိုပြီး အတွန့်တက်ပေမယ့် အခုကတော့ အစ်ကိုလေ။ဒီနေ့မှ အစ်ကို့က ပိုချောနေသယောင်....။မဟုတ် ဒီအမျိုးသားသည်
ငယ့်မြင်ကွင်းတွင်တော့ ဘယ်အခြေအနေမျိုးမှာမဆို ချောမောသည်။

အစ်ကိုနဲ့ အမေ စကားထိုင်ပြောနေတဲ့ ဆိုဖာလေးနားသွား ထိုင်တော့
မိန်းငယ် ခေါင်းခေါက်ခံလိုက်ရ၏။အစ်ကို့ရှေ့မှာမလို့ အမူအယာပိုကာအော်လေတော့ အစ်ကို့ကထိုင်ရမလိုထရမလိုနဲ့ လက်ကလည်းအငြိမ်မနေ...ငယ့်ခေါင်းလေးကို အုံဖွလုပ်ပေးချင်နေပုံရ၏။
အမေ့ရှေ့မှာမလို့ အရမ်းအကဲပိုတတ်သည့် အစ်ကိုဟာ မျက်နှာကြီးရူံ့မဲ့နေတာမြင်တော့ ရယ်ချင်စိတ်ကထိန်းမရတော့။

"အအေးလေး ဘာလေး ယူခဲ့လေ...တကယ်ပါ သမီးလေးတစ်ယောက်မွေးထားပါတယ် အလိုက်ကိုမသိဘူး...
ငါဖြင့် မောင်ဘုန်းကိုတောင်နှမြောတယ် "

အမေ့စကားကြားတော့ ကောင်မလေးနူတ်ခမ်းက ဘဲနူတ်သီးလေးလိုပင်
ဆူထော်ပြီး မီးဖိုချောင်းထဲဝင်သွားရှာတယ်။ခြေလေးဆောင့်နေတာများ
အသည်းယားစရာကောင်းလိုက်ပါဘိ။

"အဟမ်းးးအန်တီ သားအမေဆီခဏသွားလိုက်ဦးမယ်ကွယ်...
လွတ်လွတ်လပ်လပ်နေကြနော်..."

ကိုယ့်သမီးကို အကြည်မခွာနိုင်ပဲ မျက်လုံးပါသွားမတက်ငေးနေတဲ့ သမက်လောင်းလေးကို ဒေါ်ခင်မြင်ကြည့် စိတ်မခုနိုင်ပါ။ဒီကောင်လေး
သမီးပေါ်ကြည်တဲ့အကြည့်တွေဟာ တစ်ချိန်က သူမတို့အတိတ်မှာရှိခဲ့ဖူးတဲ့
ချစ်ခြင်းတရားတွေလိုပင်...ပိုင်ဆိုင်လိုစိတ်ထက်ဖြူစင်တဲ့ပေးဆပ်မူတွေကိုသာမြင်ရ၏။စနောက်ချင်စိတ်လေးရှိတဲ့ ဒေါ်ခင်မြင့်ကြည်က ချောင်းလေးတစ်ချက်ဟမ်းတော့ နားရွက်ဖျားတွေရုတ်တရက်ရဲသွားတဲ့
ကလေးကို ကြည့်ပြီး သဘောအကျကြီးကျမိသည်။

"ဟုတ် အန်တီ စိတ်ချပါဗျ "

အန်တီခြံဝန်းထဲကထွက်သွားတာသေချာသွားမှ ဘုန်းထက်ရှိန် မီးဖိုချောင်းထဲမှာစိတ်ကောက်နေရှာမည့် အသည်းအညှာလေးဆီပြေးရသည်။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now