အစ်ကိုကသံလိုက်လား ဒီလောက်ထိ ဆွဲဆောင်နေတာ

4.1K 180 5
                                    

ကိုကို့ရဲ့ငယ်...✨

မိုးလင်းကတည်းက ဒဏ်ရာရထားတဲ့ လက်လေးကိုတသသကြည့်ရင်းပြုံးနေမိသည်။

ဘယ်နေရာသွားသွား
ဘာလုပ်လုပ် လက်ချောင်းထိပ်မှာ
ပတ်ပေးထားတဲ့ ပလာစတာကိုပဲ
တယုတယဖြစ်နေတဲ့ သမီးကို ဒေါ်ခင်မြင့်ကြည်
ကြည့်မရတော့။

မနေ့ကမုန့်ဟင်းခါးပို့ခိုင်းလိုက်တာ
သူမမှားများသွားလားမသိဘူး...။
ဘုန်းထက်ရှိန်တို့အိမ်ကပြန်လာကတည်းက
အဲ့ပလာစတာနဲ့ သူ့ကမ္ဘာကြီးကို
မုန့်ဟင်းခါးလုပ်ကျွေးခဲ့တဲ့အကြောင်းကြည့်ပြောနေလို့ မသိချင်ယောင်ဆောင်နေရတယ်...။

သူက ကမ္ဘာကြီးကို ဘာလုပ်ကျွေးလဲတော့မသိဘူး...
မုန့်ဟင်းခါးကတော့မနက်၅နာရီလောက်ကတည်းက
ဒေါခင်မြင့်ကြည့်တစ်ယောက်တည်းချက်ထားရတာဖြစ်သည်။

အခုလည်း မုန့်လုပ်ပါ ဟိုဘက်အိမ်သွားပို့ချင်တယ်
အတင်းလုပ်နေလို့ မနည်း စျေးကိုလစ်ထွက်လာရတယ်။

ကိုယ့်မှာ အမေဖြစ်ပြီး သမီးဆီကရှောင်နေရတယ်ဆိုတာ
လူကြားမကောင်းဖြစ်နေပြီ။

ဒီလိုနဲ့ မေမေလည်း ဘာမုန့်မှမလုပ်တော့ မိန်းငယ်တစ်ယောက်
အစ်ကိုရှိရာကို မသွားနိင်ဘူးဖြစ်နေတယ်။တကယ်လိုအခုရက်ပိုင်းသွားရင်တောင်
အစ်ကိုနဲ့တွေ့ရမှာမဟုတ်ဘူး။ဘာလို့ဆို...အစ်ကို့ ဂျူတီရှိတယ်လေ...။
သူက အလုပ်ရှိတဲ့နေ့တွေဆို အိမ်မပြန်လာဘူး ဆေးရုံကအဆောင်မှာပဲ
အိပ်တာများသည်။အလုပ်မရှိတော့မှ အိမ်ကိုအပြည့်အဝပြန်နားတယ်...။
အစ်ကိုကအဲ့လိုပဲ အလုပ်အရမ်းကြိုးစားသည်။မိန်းငယ်ကလည်း အဲ့လောက်ထိ
အစ်ကိုလုပ်သမျှကို စုံထောက်တွေထက်သာအောင် စုံစမ်းနိုင်တယ်...။

"အစ်ကိုက ဂျူတီရှိနေတဲ့နေ့ဆို အိမ်မပြန်ဖြစ်ဘူး ဆိုတော့ငါတို့ရည်းစားဖြစ်သွားရင်ရော သူကအိမ်ပြန်မလာရင် မတွေ့ရတော့ဘူးပေါ့...ဟဲ့ ဟဲ့ ငါဘာတွေလျှောက်တွေးနေတာလဲ "

ကိုယ့်အတွေးကိုယ် ပြန်သတိပေးနေပေမယ့်...ဧည့်ခန်းထဲကဆိုဖာပေါ်မှာ
ခေါင်းအုံလေးရင်မှာပိုက် သွားလေးဖြီးကာအကျေနပ်ကြီးကျေနပ်နေတဲ့ကောင်မလေး..။
အစ်ကို့ကသူမကို
အဲ့လောက်ထိစိုးမိုးနိုင်သည်။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now