အမြဲပျော်နေရတယ်ဆိုတာ ပုံပြင်ထဲမှာတောင်မရှိ

2.9K 126 1
                                    

ကိုကို့ရဲ့ငယ်...✨

(4.1)

ဒီလိုနဲ့ အစ်ကိုနဲ့ သူမ အတော်အတန်ရင်းနှီးလာကြသည်။အစ်ကိုက အိမ်ကိုတစ်ခါတစ်လေ လာလာလည်တတ်သလို...ငယ်ကလည်း အစ်ကို့စီလို့အကြောင်းမပြသော်လည်း..
အန်တီတို့စီ တစ်ပတ်တစ်ခေါက်တော့
အလည်ရောက်ဖြစ်တယ်...အထူးသဖြင့်
အစ်ကို အလုပ်နားတဲ့ ရက်တွေမှာပေါ့။

ကိုကို ဆိုတဲ့ နာမ်စားကို ငယ်ခေါ်တဲ့ အခါတိုင်း...အစ်ကို မသိမသာလေးပြုံးလေ့ရှိတာ ငယ်သတိထားမိတယ်...။
ထိုနည်းတူ ငယ်လို့ ခေါ်တိုင်းလည်းရင်တွေခုန်စဲပင်...။

အစ်ကို​ကပြောသည်ဖြစ်စေ သူမကခေါ်သည်ဖြစ်စေ
ဒီနာမ်စားနှစ်ခုဟာ မိန်းငယ်ရဲ့ ရင်အစုံကို
ခုန်လူပ်စေနိုင်သည်။

အချိန်တွေက နေ့ကနေလဘက်ကို ကူးပြောင်းလာတဲ့အခါ...
ငယ်အစ်ကို့အကြောင်းတွေကို ပိုသိလာတယ်။
တစ်ခြားသူစီကမဟုတ်ပဲ အစ်ကို​ကိုယ်တိုင် ပြောပြတတ်တဲ့ သူ့အကြောင်းတွေကစိတ်ဝင်စားစရာကောင်းသည်။

လူကြီးဆန်ပြီး ရင့်ကျက်တဲ့အစ်ကိုက
ငယ့်အပေါ်ကို ညီမလေးတစ်ယောက်လို သွန်သင်ဆုံးမသလိုပျော်အောင်လည်းထားပေးတယ်။
ခိုးနားထောင်ရတဲ့ သံစဥ်တွေကို အခုတော့
အစ်ကိုက ပြတင်းပေါက်လေးကိုယ်စီ ဖွင့်ပြီး နားထောင်စေသည်။

ဒီမျှလောက်လည်း လုံလောက်သည်။
ဒီထက်ပိုလည်း ကျေနပ်သည်။ဒီလောက်ထိ မပေးလည်း
ငယ်လက်ခံနိုင်သည်။တစ်ရက်ထက်တစ်ရက် ဒီလူသားကို တကယ်ပင်ချစ်မြတ်နိုးကြောင်း...ငယ်ပိုသိလာရတယ်။

ကိုယ့်လိုအပ်ချက်အတွက်
သူ့ကိုရှိစေချင်တာမဟုတ်ပဲ
သူ့လိုအပ်ချက်အတွက် ကိုယ်ရှိနေပေးချင်တာဆို
ဒါကို ချစ်ခြင်းမေတ္တာဟု ခေါ်သည်။

အစ်ကိုက သူမဘဝရဲ့ အချစ်ဦးနှင့်အချစ်ဆုံးပင်...။
နောက်ထပ် ချစ်မြတ်နိုးရမဲ့သူမရှိဘူးဆိုတာ
အချိန်တွေက သက်သေခံ၍ သူမက လက်မှတ်ထိုးသည်။

အစ်ကို့ရဲ့ ဂရုစိုက်မူတွေ...ကြင်နာတတ်မူတွေကြောင့်...
ငယ်နေ့တိုင်းနီးပါးပျော်ရသည်။ဒီလူသားကို မြင်တာနှင့်
သူမစိတ်ကြည်လင်ရတယ်။ အစ်ကို့ကိုတွေ့တာနဲ့
အလိုလိုပြုံးမိတယ်...။ဒါတွေကို အချစ်လို့ မခေါ်ရရင် ဘယ်အရာကိုအချစ်ဟုခေါ်ရဦးမည်နည်း။

ဒါပေမယ့်လည်း လေပြေလာပြီးရင် မုန်တိုင်းလာတယ်ဆိုတာ ထုံးစံပင်...။အမြဲပျော်ရွင်နေတယ်ဆိုတာ ပုံပြင်တွေထဲမှာတောင်မရှိ ဒါကြောင့် မမြင်ရသောလေပြေ က အစ်ကိုနဲ့ သူမကြားကို အချိန်မနှောင်းပဲ စတင်တိုးဝေ့တော့သည်။သက်တန့်ကိုမြင်ချင်ရင် မိုးစိုတာတော့ ခံရမယ်မဟုတ်လား...။

Zawgyi

ကိုကို႔ရဲ့ငယ္...✨

(4.1)

ဒီလိုနဲ႔ အစ္ကိုနဲ႔ သူမ အေတာ္အတန္ရင္းႏွီးလာၾကသည္။အစ္ကိုက အိမ္ကိုတစ္ခါတစ္ေလ လာလာလည္တတ္သလို...ငယ္ကလည္း အစ္ကို႔စီလို႔အေၾကာင္းမျပေသာ္လည္း..
အန္တီတို႔စီ တစ္ပတ္တစ္ေခါက္ေတာ့
အလည္ေရာက္ျဖစ္တယ္...အထူးသျဖင့္
အစ္ကို အလုပ္နားတဲ့ ရက္ေတြမွာေပါ့။

ကိုကို ဆိုတဲ့ နာမ္စားကို ငယ္ေခၚတဲ့ အခါတိုင္း...အစ္ကို မသိမသာေလးၿပံဳးေလ့ရိွတာ ငယ္သတိထားမိတယ္...။
ထိုနည္းတူ ငယ္လို႔ ေခၚတိုင္းလည္းရင္ေတြခုန္စဲပင္...။

အစ္ကို​ကေျပာသည္ျဖစ္ေစ သူမကေခၚသည္ျဖစ္ေစ
ဒီနာမ္စားႏွစ္ခုဟာ မိန္းငယ္ရဲ့ ရင္အစံုကို
ခုန္လူပ္ေစႏိုင္သည္။

အခ်ိန္ေတြက ေန့ကေနလဘက္ကို ကူးေျပာင္းလာတဲ့အခါ...
ငယ္အစ္ကို႔အေၾကာင္းေတြကို ပိုသိလာတယ္။
တစ္ျခားသူစီကမဟုတ္ပဲ အစ္ကို​ကိုယ္တိုင္ ေျပာျပတတ္တဲ့ သူ႔အေၾကာင္းေတြကစိတ္ဝင္စားစရာေကာင္းသည္။

လူႀကီးဆန္ၿပီး ရင့္က်က္တဲ့အစ္ကိုက
ငယ့္အေပၚကို ညီမေလးတစ္ေယာက္လို သြန္သင္ဆံုးမသလိုေပ်ာ္ေအာင္လည္းထားေပးတယ္။
ခိုးနားေထာင္ရတဲ့ သံစဥ္ေတြကို အခုေတာ့
အစ္ကိုက ျပတင္းေပါက္ေလးကိုယ္စီ ဖြင့္ၿပီး နားေထာင္ေစသည္။

ဒီမ်ွေလာက္လည္း လံုေလာက္သည္။
ဒီထက္ပိုလည္း ေက်နပ္သည္။ဒီေလာက္ထိ မေပးလည္း
ငယ္လက္ခံႏိုင္သည္။တစ္ရက္ထက္တစ္ရက္ ဒီလူသားကို တကယ္ပင္ခ်စ္ျမတ္ႏိုးေၾကာင္း...ငယ္ပိုသိလာရတယ္။

ကိုယ့္လိုအပ္ခ်က္အတြက္
သူ႔ကိုရိွေစခ်င္တာမဟုတ္ပဲ
သူ႔လိုအပ္ခ်က္အတြက္ ကိုယ္ရိွေနေပးခ်င္တာဆို
ဒါကို ခ်စ္ျခင္းေမတၲာဟု ေခၚသည္။

အစ္ကိုက သူမဘဝရဲ့ အခ်စ္ဦးႏွင့္အခ်စ္ဆံုးပင္...။
ေနာက္ထပ္ ခ်စ္ျမတ္ႏိုးရမဲ့သူမရိွဘူးဆိုတာ
အခ်ိန္ေတြက သက္ေသခံ၍ သူမက လက္မွတ္ထိုးသည္။

အစ္ကို႔ရဲ့ ဂရုစိုက္မူေတြ...ၾကင္နာတတ္မူေတြေၾကာင့္...
ငယ္ေန့တိုင္းနီးပါးေပ်ာ္ရသည္။ဒီလူသားကို ျမင္တာႏွင့္
သူမစိတ္ၾကည္လင္ရတယ္။ အစ္ကို႔ကိုေတြ့တာနဲ႔
အလိုလိုၿပံဳးမိတယ္...။ဒါေတြကို အခ်စ္လို႔ မေခၚရရင္ ဘယ္အရာကိုအခ်စ္ဟုေခၚရဦးမည္နည္း။

ဒါေပမယ့္လည္း ေလေျပလာၿပီးရင္ မုန္တိုင္းလာတယ္ဆိုတာ ထံုးစံပင္...။အၿမဲေပ်ာ္ရြင္ေနတယ္ဆိုတာ ပံုျပင္ေတြထဲမွာေတာင္မရိွ ဒါေၾကာင့္ မျမင္ရေသာေလေျပ က အစ္ကိုနဲ႔ သူမၾကားကို အခ်ိန္မေနွာင္းပဲ စတင္တိုးေဝ့ေတာ့သည္။သက္တန္႔ကိုျမင္ခ်င္ရင္ မိုးစိုတာေတာ့ ခံရမယ္မဟုတ္လား...။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now