ကိုကို့ အတွက်လေ ငယ်ကလွဲရင် ဘာမှအရေးမကြီးဘူး

2.9K 115 1
                                    

ကိုကို့ရဲ့ငယ်...✨

Augustလရဲ့ မိုးတွင်းက ခပ်အုံအုံနှင့်ရွာမည်လည်း မဟုတ် မရွာဘူးလည်းမဟုတ်နဲ့ ထီးအမြဲဆောင်းထားရမည့် ပုံစံမျိုးပင်။ခြံဝန်းကျယ်ကြီးထဲကစိမ်းဖန်ဖန်သစ်ရွက်တွေ ဝင့်ချီနေတဲ့ ပိတောက်ပင်ကြီးကတော့
ထုံးစံတိုင်းအမှတ်ခြစ်ရာအသစ်လေးတွေနဲ့ပြည့်နှက်နေတက်၏။

မနေ့ညကကျီစာတာကြမ်းသွားတဲ့ မိုးကြောင့် အောက်ကမြက်ခင်းကလည်း
လမ်းလျှောက်လို့ကောင်းတဲ့အနေအထားမှာတော့ရှိမနေပါ။လေတစ်ချက်ယိမ်းတိုင်း
ပိတောက်ရွက်အချို့နှင့်အတူ ကြွေကျလာတဲ့ မိုးစက်လေးတွေက ပြေးနေတဲ့ခပ်သေးသေးခန္ဓာကိုယ်လေးပေါ်သို့ အလှည့်အကျ ကျနေ၏။

နှင်းဆီခင်းထဲက အဖြူရောင်တွေနဲ့အပြိုင် လှနေတဲ့ သူမနားထက်က
အပန်းရောင်နှင်းဆီတစ်ပွင့်။ ထို နှင်းဆီလေးနဲ့အပြိုင်လှနေတဲ့ မျက်နှာလေး။
အရာအားလုံးက ပနံ့သင့်စွာ ကဗျာဆန်စွာ တည်ရှိနေသည်။
ထိုသို့သောအလှတရားတွေပြည့်နေပေမယ့် မိန်းမိန်းငယ် မခံစားနိုင်သေး။
ချစ်ရသူကိုလာရှာတာ ဆေးရုံကသူငယ်ချင်းခေါ်လို့ အရေးတကြီးထွက်သွားရတယ် ဆိုတဲ့စကားကြောင့် ရင်ထဲပူနေမိသည်။အစ်ကို့ကားလေးကဂိုထောင်မှာဆိုတော့
အပြန်မှာ မိုးမိမှာဆိုးနေမိ၏။လက်ထဲက ထီးလေးတစ်ချောင်းသာပါပုံအရတော့
သူမအတွက်မေ့ပြီး အစ်ကို့အတွက်သာ ပါလာပုံရသည်။

လူသွားလမ်းပေါ်ကမသွားပဲ မြက်ခင်းပေါ်ကဖြတ်ပြေးနေရတော့ခြေတစ်ချက်ကြွသွားတိုင်း လွင့်သွားတဲ့ ရေစက်တို့က အလင်းရောင်အောက်မှာ ဖွာကနဲ့...။ဒန်းလေးပေါ်က ဖုန်းကိုယူပြီးတာနဲ့ ချက်ချင်းပဲ ပြေးလာလိုက်တာ သူမမြက်ခင်းပေါ်ကပြေးနေတာကိုတောင် သတိပြုမူမိရဲ့လားမသိပါ။

"သားကြီးကတော့...အချစ်စစ်ကိုရှာတွေ့တာပဲ...အဟင်းး တကယ့်လည်းချစ်တတ်တဲ့ကလေးမလေး "

ထိုမြင်ကွင်းလေးကို အစအဆုံးကြည်နူးစွာကြည့်နေသော ခပ်လှလှအမျိုးသမီးတစ်ယောက်။ကြည့်တာနဲ့ပျော်နေမှန်းသိသာတယ်
နူတ်ခမ်းတွေက ပြုံးလို့။

"အစ်ကိုက ဘယ်အချိန်ပြန်လာမှာလဲမသိ ဘူး "

ထီးလေးကိုင်ပြီး စိုးရိမ်တကြီးနဲ့ သူမိုးမိမှာထက် သူ့အချစ်မိုးစိုမှာပိုစိုးရိမ်နေသည်။
လက်ထဲက အခေါ်ကောလ်အများဆုံး contactကိုန်ိုပ်၍ Busကားဂိမ်းကို
မြန်မြန်ပြေးသည်။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now