(ဇာတ်သိမ်း ပိုင်း)

4.6K 109 1
                                    

ကိုကို့ရဲ့ငယ်...✨

✨ဇာတ်သိမ်း✨

"ကိုကို ဒီနေ့အားတယ်မလား "

အစ်ကိုဒီနေ့ဂျူတီမရှိတာ ငယ်သိပေမယ့်...တမင်မေးလိုက်ခြင်းဖြစ်သည်။
ဘာရယ်မဟုတ် ဒီနေ့အစ်ကို့ကို ချွဲချင်နေတာကြောင့် ခပ်ချွဲချွဲ ပုံရိပ်လေးတော့
ပါမှာပေါ့။

"အားတယ်လေ...ကိုယ်မနေ့ညက ငယ့်ကိုတောင်မေးသေးတယ်
ဒီနေ့ တစ်နေ့လုံးအားလို့ ဘာလုပ်ချင်တာရှိလဲလို့ အဟွန်းး ငယ်က အိပ်ပျော်သွားလို့"

ဆိုဖာပေါ်ထိုင်ရက်ကနေ အစ်ကို့ ပခုံးကျယ်ကျယ်ပေါ် ခေါင်းတင်ထားတဲ့ မိန်းငယ်နှာခေါင်းလုံးလုံးလေးကို အစ်ကိုက မနာအောင် ဖွဖွဆွဲညစ်ရင်း
ဖြေတော့မှ...သွားလေးတွေပေါ်အောင်ရယ်ပြတော့တာ။

"ဟီးးညက ဘယ်လိုအိပ်ချင်လာမှန်းမသိဘူး အဲ့ဒါနဲ့ရုတ်တရက်ကြီး
အိပ်ပျော်သွားတာ စိတ်ဆိုးပါနဲ့...မွ "

မိန်းငယ် အစ်ကို့လည်ပင်းကိုဖက်ထားသော လက်မောင်းလေးတွေကို
ပိုတင်းအောင်ဖက်ကာ ကိုယ်ကိုကြွပြီး နဖူးလေးကို ခပ်ဖွဖွနမ်းသည်။
ပြီးတော့ ပါးကိုတစ်ချက်ထိရုံလေးထိပြီးမှ ဆက်ပြော၏။

"နော် ကိုကို "

ကဲ...ဒီလိုကြီးချစ်ဖို့ကောင်းအောင်နေပြမှတော့ ဘယ်သူကစိတ်ဆိုးနိုင်မှာတဲ့လဲ။
ဒီကောင်မလေးကိုယ့်ကိုနိုင်မဲ့လက်နက်ကြီးတွေကြည့်ထုတ်ပြနေတာ။
သူအိပ်ပျော်သွားတာလေးကို စိတ်ဆိုးရအောင် ကိုယ်ကသူ့လိုမဟုတ်တာ။အခု နေ့လည်တောင်ရောက်ခါနီးနေပြီအခုကိုယ်ပြောမှသတိရပြီး စိတ်ဆိုးမှာစိုးရိမ်နေတဲ့ ငယ် ရယ်ပါ။

"ကိုကိုက ဘာလို့စိတ်ဆိုးရမှာလဲကွာ...ငယ်အိပ်ချင်လို့ အိပ်တာပဲ
ကိုကိုမကြိုက်တာလုပ်တာမှမဟုတ်တာ...အကယ်၍ ကိုကိုမကြိုက်တာလုပ်ရင်တောင်စိတ်မဆိုးပါဘူး ဘာလို့မကြိုက်တဲ့အကြောင်းငယ်နားလည်အောင်ရှင်းပြမှာ...ဒါမှငယ်ကလုပ်ဦးမယ်ဆိုလည်း ကိုကိုက မကြိုက်ကနေ 'မ´တစ်လုံးဖြုတ်ရုံပဲ အဲ့ဒါကြောင့်
စိတ်ဆိုးမှာ စိုးရိမ်မနေနဲ့ ဟုတ်ပြီလား "

"အဲ့ဒါကြောင့် ချစ်တာ ကိုကို့ကို "

"aww အဲ့ဒါကြောင့်ပဲပေါ့ "

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now