အပိုင်း ၂၅

2.5K 262 1
                                    

Unicode✍

'မနက်ဖြန်မလာနဲ့တော့နော် နားလိုက်ကြတော့ ပွဲတော်ရက်‌တွေမှာကောင်းကောင်းပျော်ကြ ပစ္စည်းတွေလဲသေချာသိမ်းထားခဲ့ကြအုံး'

'ဟုတ်မနွယ်...'

ကလေးတွေအား မုန့်ဖိုးပေးရင်း မိနွယ်ဆိုနေခြင်းဖြစ်သည်။ သူကအကြီးဆုံးမလား။

'မနွယ် ညနေကာဆွမ်းတော်စာပို့ဖို့ရှိတယ် ကြီးတင်အိမ်ကမြသပိတ်ယူမယ်တဲ့'

'အေးအေးလာခဲ့မယ်'

ကလေးတွေအား နေ့လည်ခင်းထဲကပြန်လွှတ်လိုက်တော့သည်။ သင်းမိုးကတော့ တခြားရွာကမို့မနေ့ညနေထဲက သူ့ရွာကအကိုကဆိုင်ကယ်နှင့် လာကြိုသွားပြီဖြစ်လေသည်။

သူချစ်ရသောခက်အတွက် ရည်ရွယ်ကာကိုယ်တိုင်ကိုယ်ကျ ချုပ်ထားသော ဝမ်းဆက်၆စုံကိုအိတ်လေးထဲထည်ကာ ခက်ဆီသို့ထွက်လာလိုက်သည်။

'ခက်ရေ...ငါလာတယ်'

'အေးဝင်လာလေ'

ချုပ်ထည်များကို စမ်းဝတ်ခိုင်းတော့ အားလုံးကပုံပန်းကျကာ ခက်ရဲ့ကိုယ်ပေါ်တွင် ချပ်ကယ်ရပ်ကယ်။ ဝတ်စုံများကလှသော်လည်း ခက်ဝတ်လိုက်တော့မှ ပိုပြီးပြည့်စုံသွားတာမျိုး။

'ညနေကာ ဆွမ်းတော်စာပို့ဖို့ရှိတယ် နင်ရောလိုက်ခဲ့လေခက် ရန်နိုင်တို့အိမ်ကပို့မှာ'

'ငါမလိုက်တော့ဘူးလေမိနွယ်....ဒါပေမဲ့ အဲ့အိမ်မှာလက်ဖက်ရည်ပွဲတည်ရင်း စောင့်မယ်'

'ဟုတ်ပါပြီဒါဆိုလဲ ခက်ဒီစိမ်းဝါရောင်လေး ဝတ်ခဲ့နော်'

အရှေ့တွင်ခေါက်ထားသော ပျော့အိအိအသားနဲ့ဝတ်စုံကို လက်ညိုးထိုးကာ ပြောနေသူအား စိတ်ကျေနပ်စေရန်ပင် ခေါင်းညိမ့်ပြမိသည်။ သူကိုယ်တိုင်လည်း မိနွယ်ချုပ်ပေးသောအထည်များအား စိတ်တိုင်းကျသည်။ လှလဲလှသလို ဝတ်လို့လည်းကောင်းသည်။ တချို့ကျ ချုပ်ပုံလှသော်လည်း ဝတ်၍အဆင်မပြေ။ မိနွယ်ကထိုသို့မဟုတ်။ ချုပ်ပုံလည်းလှ ဝတ်ရတာလည်း သက်သောင့်သက်သာဖြစ်အောင် ချုပ်တတ်လေသည်။

*****

အတီးအမှုတ်အဖွဲ့သည် မမောနိုင်မပန်းနိုင် သီချင်းများဆိုကာ ဝေလားဝေလားနှင့် တီးခတ်နေကြသည်။ ဗုံသမားကလည်း တစ်ဘုံဘုံတီးကာ နှဲသမားကလည်းတစ်စီစီမှုတ်၊ ဗြောသမားနှင့်လင်ကွင်းသမားတို့ကလည်း တာဝန်ကိုမပျက်ကွက်စေရ။ ဝါးလက်ခုပ်သမားလည်း မကျန် တက်ကြွစွာ မြိုင်ဆိုင်တီးမှုတ်ရင်း သီချင်းများပါဆိုနေကြသည်။

သူငယ်ချင်းသို့ ( To Friend )Donde viven las historias. Descúbrelo ahora