That day, he came into my life 💕 (1)

43 1 0
                                    

အခု ကျွန်တော်လေ တော်တော့်ကို ကို့ယို့ကားယားနိုင်တဲ့ အခြေအနေမျိုးမှာ ရောက်နေတယ်။

" P' Jade ka ~ ဒီ brownie လေးကိုလည်း P' King ကို ပေးပေးပါလား na ka! "

ရှက်ပြုံးလေးနဲ့ brownie ကိတ်ဘူးအကြီးကြီးတစ်ဘူးကို ကျွန်တော့်လက်ထဲ ထည့်လာတဲ့သူက မကြာခင်ကမှဘွဲ့ရထားပြီး စာရင်းကိုင်ဌာနရဲ့ အဖွဲ့ဝင်အသစ်လေးဖြစ်လာတဲ့ လှပငယ်ရွယ်တဲ့ ဝန်ထမ်းလေး Nong Mint... သူ့ပါးနှစ်ဖက်လုံး ပန်းရောင်ပြေပြေလေး သန်းနေပုံထောက်ရင် ပါးနီနည်းနည်းခြယ်ခဲ့လို့လား ရှက်နေလို့လားပဲ။ နောက်ပြီး သူ့မျက်ဝန်းတွေက ကျွန်တော်မကူညီဘဲ မနေနိုင်လောက်အောင် မျှော်တလင့်လင့်ဖြစ်နေတာနဲ့ပဲ မနေနိုင်မထိုင်နိုင် brownie ဘူးကြီးကို လက်ခံပေးလိုက်တယ်။

" ဒီကိတ်တွေက Mint ကိုယ်တိုင်ဖုတ်ထားတာ! တကယ်လို့ P' King က စားရတာကြိုက်တယ်ဆိုရင်လေ Mint ထပ်လုပ်ပေးဦးမှာလို့နော်! "

ရုံးသုံးဓာတ်လှေကားထဲ ဝင်လိုက်တဲ့အချိန်မှာပဲ မိန်းကလေးငယ်လေးက အသံကျယ်ကျယ်နဲ့ လှမ်းပြောလာတယ်။ ရုံးခန်းတည်ရှိရာ အထပ် ၁၅ ထပ်မြောက်ကို နှိပ်ပြီးချိန်မှာ Nong Mint ကို ကျွန်တော်မချိုမချဉ်ပြုံးပြလိုက်မိတယ်။

" ဟုတ်ပါပြီ... "

" P' King ကိုကြိုက်တဲ့သူတွေက အများကြီးဆိုတော့ သူတို့လက်ဆောင်တွေကို P' Jade ကတဆင့် ပေးခိုင်းတာမျိုးရှိမှာပဲ ဟုတ်တယ်မလား? "

" အာ ~ အဲ့လိုလည်းမဟုတ်ပါဘူး "

ဒီလိုအနေအထားမျိုး တစ်နေ့မှာ လေးငါးကြိမ်လောက် ကြုံတွေ့ရစမြဲပဲ။

" P' King စားဖို့ကို ပေးဖြစ်အောင် ပေးပေးရမှာနော် P' Jade! Mint က အရမ်းကို စိတ်ပိုင်းဖြတ်ထားတာ ~ P' Jade စားလို့ရပေမယ့် အဲ့ဘူးကြီးထဲက ယောင်လို့မနှိုက်လိုက်နဲ့! P' Jade အတွက် ဘူးသေးလေးထဲ သပ်သပ်ခွဲပေးထားပြီးသား "

" Umm ကျေးဇူးပါပဲ "

" ဒါဆို Mint သွားနှင့်တော့မယ်! ကိတ်လေးတွေကို စိတ်ချလက်ချ ထားခဲ့ပြီနော်! ဂရုစိုက်ပေးပါဦး P' Jade na ka ~~ "

ဓာတ်လှေကားပွင့်လာတော့ Nong Mint တစ်ယောက် ကြွကြွရွရွ ထွက်သွားပြီး ကော်ဖီခွက်နဲ့ brownie ဘူးကြီး တပွေ့တပိုက်သယ်ထားရတဲ့ ကျွန်တော့်ကို တစ်ယောက်တည်း ချန်ထားရစ်ခဲ့လို့ အပြင်ဖက်မထွက်ခင် ကျွန်တော့်မှာ သက်ပြင်းရှည်ကြီးချပြီး သူ့နောက်က လိုက်ခဲ့ရတယ်။

You've reached the end of published parts.

⏰ Last updated: Oct 16, 2021 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးရာWhere stories live. Discover now