part..12

4.9K 229 38
                                    

ဘာဘီ မင်း daddyကို မရက်စက်ပါနဲ့လားကွာ
daddy ဆီ ပြန်လာပေးပါကွာ

ရိပေါတစ်ယောက် ငိုနေမိသည် သူ ဘာဘီလေးကို အရမ်းလွမ်းနေပြီ အရမ်းလဲ တွေ့ချင်နေပြီ ဘာဘီအရမ်းရက်စက်တယ် အကြောင်းမဲ့ သူ့အနားက ချက်ချင်းကြီး ထွက်သွားခဲ့ သူတကယ် နားမလည်နိုင်ဘူး

ရိပေါ သူ့ဘာဘီလေးကို လော့ရန် ဘက်မှာ ရှာနေတာလဲ မတွေ့ ဒါကြောင့် ပေးကျင်းဘက်ကို ပြန်မယ် သာ တွေးလိုက်သည်

ရိပေါ ကားမောင်းနေရင်းနဲ့လဲ ပါးပြင်ပေါ် မျက်ရည်စက်တို့က မရပ်မနား ကျနေသည်

ရိပေါ ကြောက်တာပေါ့ သူဝမ်းနည်းတာပေါ့
ဘာဘီလေးနဲ့သူရဲ့ သံယောဇဉ်က ညီအကိုဆိုတာထက်ပိုတယ် ချစ်သူရီးစားဆိုတာထက်ပိုတယ် သားအဖတွေထက်သံယောဇဉ်ပိုကျတယ် ဘာဘီလေးကို ချစ်သူတစ်ယောက်ပိုမြတ်နိုးတယ် တန်ဖိုးထားခဲ့တယ် ဘာဘီလေးကို သူငြိုငြင်စေတာတစ်စုံတစ်ခုမှမပြုခဲ့ ဒါတောင် ဘာဘီလေးက သူ့အနားကထွက်သွားခဲ့တယ်။

ဘာကြောင့်များလဲ ဘာဘီရယ် daddy ဘာအမှားများ လုပ်ခဲ့လို့လဲ ဘာဘီရယ် အခုdaddyတစ်ယောက်ထဲ ဘာဘီမကါတဲ့ ဘဝကို ဘယ်လိုများ ဖြတ်သန်းရမလဲ ဘယ်လိုများ ကျော်ဖြတ်ရမလဲ ဘာဘီမရှိပဲ daddyဘယ်လို အသက်ရှင်ရမလဲ daddyကို မသနားဘူးလား ဘာဘီရယ် ဘာဘီဘာ့လို့ ရက်စက်တက်သွားရတာလဲ အစကဆို daddyစကားကို အမြဲနားထောင်တဲ့ ကလေးက အခုတော့ daddyကို စွန့်ခွာသွားပြီတဲ့လား အစက daddyအနားမှာ အမြဲငပ်ပြီ daddyအရိပ်အောက်နေလာခဲ့တဲ့ ကလေးက အခုတော့ အတောင်စုံသွားလို့များ ထွက်သွားခဲ့တာလား ကလေးရယ်

တ‌စ်စက္ကန့်လေးတောင် ဘာဘီကို မမေ့နိုင်ဘူး တစ်စက္ကန့်လေးတောင် ဘာဘီနဲ့ ခွဲခွာမနေချင်ဘုး daddyကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့ ဘာဘီရယ်

ရိပေါ အတွေးပေါင်းစုံ နဲ့ကား မောင်းလာခဲ့သည် လော့ရန်နဲ့ ပေကျင်းက သုံးရက်လောက် မောင်းရသည် ရိပေါကတော့အဲ့သုံးရက်ခရီးကို မရပ်မနား ခရီးဆက်ခဲ့တာ နှစ်ရက် တစ်ပိုင်းတွင် ပေကျင်း မြို့ထဲ ဝင်လာခဲ့သည်

*‌တကယ်တော့ လော့ရန်က ပေကျင်းနဲ့အဝေးကြီးပါ တရုတ်တွေကိုမေးကြည့်တော့ မြန်မာဘက် နယ်စပ်နဲ့တောင်နီးတယ်တဲ့ သွားရင် အတော်ကြာမယ် လို့ပြောကျတယ် သာသာက သုံးရက်ပဲပြောလိုက်တာ အမှန်တိုင်းပြောရရင် သာသာက စီချွမ်ဘက်မှာ လော့ရန်နဲ့အတော်အလှန်းဝေးတော့ မသိရ*

Daddy&baby🚨Where stories live. Discover now