C⃠H⃠A⃠P⃠T⃠E⃠R⃠-2

207 22 7
                                    

Unicode~

"ကိုကို အလုပ်ပြန်မသွားသေးဘူးလား!?"

အခုအချိန်ထိ ဧည့်ခန်းထဲမှာရှိနေသေးတဲ့ ရွန့်ကို မြင်သွားပြီး ဟယ်ရီမေးလိုက်တယ်~

"ဘာလဲ ငါအိမ်မှာရှိတာက မင်းအတွက်အနှောင့်အယှက်ဖြစ်နေလို့လား?"

"မဟုတ်ပါဘူး ကိုကိုရှိနေတာ ကျတော်က ပိုတောင်ပျော်သေးတယ်"

"အပိုတွေပြောမနေပါနဲ့ ငါရှိနေရင် မင်းလင်ငယ်နဲ့ ပလူးလို့မရတော့ဘူးမလား!!"

"ကိုကို ဘာတွေပြောနေတာလဲ"

"မင်းအကြောင်းမင်းသိမှာပေါ့"

ဆိုကာ အပေါ်ကိုတက်သွားသော ကိုကို~
သူထွက်သွားမှ ကျတော်တိုးတိုးလေးရွတ်လိုက်မိတယ်~~

"ကျတော် အကြောင်း ကျတော်သိတာပေါ့ ကိုကို့ကြောင့်ရူးနေတဲ့ ကျတော့်အကြောင်းကျတော်သိတာပေါ့~~"

ဘာလိုလိုနဲ့တဖြည်းဖြည်း နေဝင်လာခဲ့ပြီ~ရွန်တစ်ယောက်တစ်ခုခု စားဖို့ အောက်ဆင်းလာခဲ့တယ်~အောက်ရောက်ရောက်ချင်းမျက်စိရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်း~ကျတော့်ကို သိပ်ချစ်ပါတယ်ဆိုတဲ့ကောင်က တခြားတစ်ကောင်ရဲ့ရင်ခွင်ထဲမှာ~
အဲ့အချိန် သူ့ကိုမြင်သွားပြီး~

"ကိုကို ဘာလုပ်ချင်လို့ဆင်းတာလဲဟင်"

သူ့ကို ချိုသာစွာပြုံးပြရင်းမေးလာတဲ့ ကောင်ငယ်လေး~

~မင်းသာအတင်းအကြပ်မလုပ်ခဲ့ရင် ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ဒီလိုအခြေအနေထိဖြစ်ခဲ့ပါ့မလား~မဟုတ်ဘူး မင်းကိုငါ အခုလို ခါးခါးသီးသီး ြဖစ်လာခဲ့မှာမဟုတ်ဘူး~ဒါပေမယ့် အခုလိုြဖစ်လာခဲ့တဲ့အချိန်မှာတော့ ငါ့ဆီက အမုန်းတရားနဲ့နာကျည်းမှုကလွဲရင် ဘာမှမမျှော်လင့်နဲ့~မင်းဘက်က ဘာအပြစ်မှမရှိရင်တောင်မှပေါ့~

"တောင်းပန်ပါတယ် အချိန်ကောင်းလေးကိုနှောင့်ယှက်မိသွားတယ် အဟက်~"

ထိုသို​့ပြောလိုက်တော့ ကြောင်တောင်တောင်လေးနဲ့ ပြန်မေးလာတဲ့ သူ~

"ကိုကို ဘာတွေပြောနေတာလဲ"

"သူများရင်ခွင်ထဲမှာသာယာနေတာကိုပြောတာ~မင်းအကျင့်နဲ့ဆိုရင်တော့ မထူးဆန်းပါဘူး  ဟိုဖက်ကတစ်ယောက်ကိုပဲ ငါသနားတယ်~"

M⃠I⃠N⃠E⃠!Where stories live. Discover now