Ep 18

793 93 10
                                    

# မupတာကြာပြီဆိုတော့ မမှတ်မိတော့မှာဆိုးလို့ ရှေ့အပိုင်း(Ep17)ကိုပြန်ဖတ်ပြီးမှ အခုအပိုင်းသစ်ကို ဖတ်ပေးပါနော်။


''ငါတို့လမ်းခွဲကြရအောင်''



ခဏလေးပြန်လာခဲ့မယ်ဆိုတဲ့ စကားကြောင့် တစ်ညလုံးမအိပ်နိုင်ဘဲJenစောင့်နေခဲ့မိတယ်။ လီလီဟာ နားလည်ရအင်မတန်ခက်တဲ့ မိန်းကလေး။ တစ်ခါတစ်လေ သူမဟာ Jenကို အရမ်းချစ်တယ်လို့ ခံစားရပြီး တစ်ခါတစ်လေကျပြန်ရင်လဲ သူမကို သူစိမ်းတစ်ယောက်လိုမျိုး ခံစားရပြန်တယ်။



အခုလဲ Jenရဲ့ phကို လစ်လျူရှူထားပြန်တယ်။
အကယ်၍ ဒီည သူမ သာပြန်မလာရင် Jen သူမကိုလက်လွှတ်လိုက်ဖို့ထိ​တောင် တွေးမိသွားတဲ့အထိ လီလီကို စိတ်ဆိုးနေမိခဲ့တယ်။

2:30AM

ဆိုဖာပေါ်မှာ လှဲရင်းလီလီနဲ့Jenရဲ့ဆက်ဆံရေးကိုပြန်တွေးနေတုန်း တံခါးဖွင့်တဲ့အသံကြားတာနဲ့ Jenအခန်းထဲကို ပြေးဝင်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

လီလီကတော့ ရောက်တာနဲ့ ရေချိုးခန်းထဲကိုတန်းဝင်သွားခဲ့တယ်။ Jenလဲ သန့်စင်ခန်းသွားတယ်ထင်ပြီးစောင့်နေပေမဲ့ တော်တော်နဲ့ထွက်မလာ ရေသံကြားတော့မှ လီလီ ရေချိုးနေမှန်း သတိထားမိတော့သည်။

3:00AM
''ကျစ်...ရေချိုးတာဘာလို့အဲ့လောက်တောင်ကြာနေရတာလဲ? ရေကချိုးပြီးသားကို ဘယ်နှခါတောင်ချိုးနေတာလဲ? ငါတကယ်စိတ်လုံးဝကိုမရှည်တော့ဘူး လာလီဆာရေ.....''

နာရီဝက်ကျော်ကျော် ကြာပြီတော့မှ ထွက်လာတော့သည်။ထွက်လာပြန်တော့လဲ Jen ကုတင်ပေါ် မှာငုတ်တုတ်ထိုင်နေတာကိုမြင်ပုံမရ သဘက်နဲ့သာရေသုတ်နေလေသည်။

''လန့်လိုက်တာ ... မမ နိုးနေတာလား?
လီလီကြောင့်နိုးသွားတာလား?''

လီလီကို စိတ်ဆိုးနေကြောင်းပြဖို့ ဘာစကားမှမပြောဘဲ ချက်ချင်းဆိုသလို ကုတင်ပေါ် ပြန်လှဲပြီး မျက်လုံးမှိတ်ထားလိုက်သည်။ သူမလဲ ချက်ချင်း Jenနောက်ကြောမှာဝင်လှဲပြီး သူမ လက်သွယ်သွယ်လေးတွေနဲ့တို့ထိကာ

''မမ...
မမ လို့...


Jenဘာမှမတုန့်ပြန်ဘဲနေတော့ သူမပါအတော်ကြာတိတ်ဆိတ်သွားတယ် တကယ်ပါဘဲ Jenမှာ မနေနိုင်ခဲ့ဘူး သူမ ပြန်ပြီးစိတ်ဆိုးသွားမှာဆိုးလို့ သူမ ရှိရာဘက် မျက်နာချင်းဆိုင်လိုက်တော့ ဝမ်းနည်းနေသယောင်ယောင်မျက်ဝန်းတွေနဲ့



The liar And her lover (Jenlisa)Where stories live. Discover now