Differences

9 5 3
                                    

လူဖြစ်လာရခြင်းအတူတူ
ဘာကြောင့်များကွဲပြားခြားနားတဲ့ဘ၀တွေဖြစ်လာရပါလိမ့်.....

မိဘတွေ သူတို့သားသမီးလေးတွေကို
ချစ်ခင်ကြင်နာယုယတိုင်း
ဂရုစိုက်မှုပေးတဲ့အခါတိုင်း
ငါတွေးမိတယ်
ဘာကြောင့်များ
ဘာကြောင့်များ ကွဲပြားခြားနားရပါလိမ့်....လို့လေ

သူများမောင်နှမတွေ ချစ်ချစ်ခင်ခင်ရှိနေတာတွေ
မြင်တိုင်း ငါ ရင်နာမိတယ်
ဘာကြောင့်များ ငါ့မှာ မိသားစု ဆွေမျိုး အသိုင်းအဝိုင်းလေး တစ်ခုတောင်မရှိရတာလဲ
ဘာကြောင့်များလဲ ဘာကြောင့်များလဲ

ငါ မေးခွန်းထုတ်မိတယ်
ငါ့မေးခွန်းကိုဖြေမဲ့သူ တစ်ယောက်မှမရှိပေမဲ့လည်းပဲ
ငါ့ခေါင်းကြီး ချာချာလည်ထွက်အောင်
"ဘာကြောင့်လဲ"ဆိုတဲ့ မေးခွန်းကိုပဲ
ထပ်ခါတလဲလဲ တွေးမိတယ် မေးမိတယ်

ငါ့ကို သနားတဲ့အကြည့်တွေနဲ့ကြည့်နေကြတာကို ငါလုံး၀သဘောမကျဘူး
ငါ မုန်းတယ်

တကယ်တမ်းတော့ ငါ့မှာ မိသားစု မရှိခဲ့တာမဟုတ်ပါဘူး
ငါ ဟာ စွန့်ပစ်ခံလိုက်ရတာလဲမဟုတ်ဘူး
ငါဟာ ငါ့မိသားစုကို ဆုံးရှုံးခဲ့ရတာပါ
ဟင့်အင်း အဆွဲထုတ်ခံလိုက်ရတာ
ငါ့ အမိုး အပါး နဲ့ ညီမလေး တို့ကို
သူတို့ ငါဆီက ဆွဲထုတ်သွားကြတာ
တမလွန်ဆီ ပို့ဆောင်ပေးလိုက်တာ ဆိုရင် ပိုမှန်လိမ့်မယ်။

အဲ့ဒီညကို ငါလုံး၀မမေ့သေးဘူး
သေတဲ့ထိ မေ့နိုင်မှာ မဟုတ်ပါဘူး။

ငါ့နာမည်"ယှားဖေါင်"(ရှားဖောင်)
"လင်းလက်တောက်ပတဲ့ကြယ်" ဆိုတဲ့
ယှားဖောင်
ငါ မွေးတုန်းက ညဘက်အချိန်
ကောင်းကင်မှာ ကြယ်တွေတလက်လက်နဲ့
ငါ့ အပါးက ယှားဖောင်လေး ဆိုပြီး
နာမည် ချက်ချင်းတန်းပေးပြီး
လက်ချည်ပေးခဲ့တယ်
ငါ့ အမိုးလည်း အရမ်းပျော်ခဲ့တာပေါ့

ငါတို့တွေ တောင်ယာလုပ်ကြတယ်
ငါတို့ရွာလေးကလည်း အတော်သာယာတယ်
စမ်းချောင်းလေးနဲ့ လယ်ကွင်းတွေနဲ့
တောင်တန်းကြီးတွေနဲ့ တောတန်းလေးတွေနဲ့

ငါတို့ ဘ၀မှာ ငါတို့နေပျော်ခဲ့ကြပါတယ်
တစ်နေရာပြီးတစ်နေရာပြောင်းရွှေ့နေထိုင်ခဲ့ရပေမဲ့လို့ပေါ့
ငါ့ အမိုးနဲ့အပါးက ဒီရွာမှာ အခြေချတာမကြာသေးပါဘူး
ပြီးတော့ ငါ့ကိုမွေးတယ်
ငါတို့တစ်သက် ဒီရွာလေးမှာပဲ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာသာယာယာနေချင်ခဲ့တယ်။

မုန်းတယ်Where stories live. Discover now