1

1.1K 89 35
                                    

slow burn//

"တင်း...တောင်...တင်း...တောင်"

နေ့လည်ဘက် ကျောင်းဆင်းခေါင်းလောင်း ထိုးတဲ့အသံကြောင့် ကျောင်းသားတွေအားလုံးက ကိုယ်စီကိုယ်စီပဲ အတန်းတွေထဲကနေ ထွက်လာကြတယ်။

ပထမအချိန် ကျောင်းတက်ချိန်မှာ 2ချိန်ပဲရှိတာကြောင့် သူတို့က တက်ကြွစွာနဲ့ ကျောင်းမုန့်စျေးတန်းကို အလျင်မှီအောင် အမြန်ပြေးနေကြရတယ်။

Jeongwooက သူအရမ်းသောက်ချင်နေတဲ့ Banana milkဝယ်ဖို့ လူတွေကြားထဲကနေ အရှေ့ကိုရောက်အောင် မနည်းတိုးနေရတယ်။တစ်​နေ့တစ်နေ့ ကျောင်းက မုန့်ဆိုင်မှာ popularအဖြစ်ဆုံးက ဒီBanana milkအပြင် တခြားမရှိ။တချို့ကတော့ စတော်ဘယ်ရီသောက်ကြပါသည်။သူကတော့ မကြိုက်။

အရှေ့မှာ လူသုံးယောက်လောက​် ဝယ်နေသေးတာကြောင့် Jeongwooက သူအမြန်ရဖို့ကို စိတ်မရှည်တော့ါလက်မှာပတ်ထားတဲ့ နာရီကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ

"Ya!!! Harutoလာပြီ Harutoရောက်လာပြီ အဟေး"

အာပြဲပြဲ မိန်းမကြမ်းတွေရဲ့ အော်သံတွေက မုန့်စျေးတန်းမှာ ဆူညံသွားတော့တယ်။Jeongwooသိလိုက်ပါပြီ။ သူဒီနေ့လည်း Banana milkမရနိုင်တော့ဘူးဆိုတာ!ထိုအကောင် ရောက်လာတိုင်း ဘာကိစ္စနဲ့ ဒီအအေးဘူးတွေကို အကုန်ဝယ်ဝယ်သွားရတာလဲမသိ!

သူတန်းစီထားတဲ့ နေရာကနေ အလွယ်တကူလေး ရှေ့ကို ကျော်လျှောက်သွားပြီး မုန့်ဆိုင်ပိုင်ရှင်ကို လှမ်းပြောလိုက်တဲ​့ ထိုအကောင်ရဲ့စကားက "အန်တီရေ Banana milkအကုန်ယူမယ်"တဲ့။

..................🌹❤️

ဦးတည်ရာအရပ်ဆီကို စိတ်ဓာတ်တွေ လောင်မြိုက်ရင်းနဲ့ပဲ လာလိုက်ရသည်။ထမင်းစားခန်းကို ပုခုံးရိုးကြီးက ကြမ်းပြင်ကို ပြုတ်ကျတော့မတတ် လမ်းလျှောက်လာတဲ့ သူငယ်ချင်းကို Yoon Jaehyukက လှမ်းမေးလိုက်တယ်။

"ဘာလဲ ဒီနေ့လည်း မင်း မရလာဘူးလား"

"မင်းပထွေးက အရင်ဦးသွားပြန်ပြီလေ ဘယ်ရပါ့မလဲ"

စိတ်ပေါက်ပေါက်နဲ့ အော်ပြောလိုက်တော့ ပြန်ရလိုက်သည်က အမောင်Yoon Jaehyukရဲ့ သိပ်ကိုသွယ်လျလှပလွန်းတဲ့ လယ်ခလယ်။

𝗗𝗲𝗮𝗿 𝗨, 𝗠𝘆 𝗥𝗶𝘃𝗮𝗹 : 𝗛𝗝𝗪Where stories live. Discover now