( 3 )

129 20 2
                                    

He's still weak...but he's awake

..............................

UNICODE

နောက်ထပ် သုံးရက်လုံးလုံးကိုလည်း တံခါးနားတွင် ရပ်ကာ Oikawaကို ကြည့်ရင်းဖြင့်သာ သူ ကုန်ဆုံးခဲ့သည်။ ထိုနောက်က သုံးရက်လုံးလုံး၌မူ ဆေးရုံကုတင်ထက်တွင် မေ့မျောနေသူ သူ့ဖက်ကို ငဲ့ကြည့်လာစရေန် သူ တကယ်ကို ဆုတောင်းရင်း ကုန်ဆုံးခဲ့သည်။  သို့သော် ထိုသူ၏ တစ်ကိုယ်လုံး၌ တပ်ဆင်ထားရသည့် စက်ကိရိယာများက ထိုသို့ ခွင့်မပြုခဲ့ပေ။

ထို့အပြင် ပို၍ ဆထက်တိုး အာနိသင် ပြင်းလာသည့် ဆေးတို့က  Oikawa တစ်ကိုယ်လုံးကို ပျော့ခွေနေစေပြီး လက်လေးတစ်ချောင်း "မ" နိုင်ရန်ပင် ခက်ခဲနေခဲ့သည်။

နောက်ထပ် လေးရက်မြောက်နေ့၌  သူတံခါးဝတွင် ရပ်နေစဥ်တွင် သူ့အား ယဥ်ကျေးသည့် အပြုံးတို့ စွန့်ကြဲ ပေးခဲ့သည့် သူနာပြုလေး Aikoနဲ့ သူထပ်မံ င်္တေ့ဆုံရလေသည်။ သူမကို ယဥ်ကျေးမှုဖြင့် သူခေါင်းညိမ့်ပြပြီး တိတ်ဆိတ်သော နည်းဖြင့် "Good Morning"ဟု သူဆိုဖြစ်ခဲ့သည်။ ပြီးတော့ သူ တိတ်ဆိတ်လျက်သားပင် ထွက်သွားရန် ပြင်လိုက်သည်။

"ဟို....Iwaizumi san~"

ရောက်မေသည့် နေရာတွင် ရပ်၍ သူလှည့်ကြည့် ဖြစ်ခဲ့သည်။ ထိုသူနာပြုလေးက သူ့အား ပထမဆုံး အကြိမ်အဖြစ် စကားလာပြောခြင်းပင်။ ထိုသူမက သူ့နာမည်အား မည်သို့ သိမှန်းပင် သူမသိပါပေ။ သူမက သူ့ထံသို့ အနည်းငယ် နီရဲနေသည့် မျက်နှာဖြင့် လျှောက်လာပြီး ရှက်ရွံ့စွာပင် စကားစလာလေသည်။

"ဟို... ခဏလောက် စကား အတူပြောလို့ရမလား?"

သူ ရှုပ်ထွေးစွာဖြင့် Aikoကို ခဏကြည့်ကာ စဥ်းစားလိုက်ပြီးနောက် သူမထံမှ နောက်သို့ နှစ်လှမ်းဆုတ်ကာ ခေါင်းညိမ့်လိုက်သည်။

"အင်း။ ရပါတယ်။"

သူနာပြုလေး ဦးဆောင်သည့်အတိုင်း လူသိပ်မရှိသည့် ဆေးရုံ ဥယျာဥ်ထဲသို့ သူလိုက်လာခဲ့သည်။ ဥယျာဥ်ထဲ၌ လူနာအချို့က လေညှင်းခံ လမ်းလျှောက်နေကြပြီး အချို့က သက်တောင့်သက်သာ ထိုင်ရင်း အနားယူနေခဲ့သည်။

Oikawa's last wish (mm translation)Where stories live. Discover now