"ေနာက် နာရီ၀က်ဆို ပွဲစတော့မယ် အဆင်သင့်ပဲလား"
Billkin, PP Krit, Khunpol တို့မှာ P'Yong, P'Card တို့နဲ့အတူ Seoul International Drama Awards ပွဲတက်ရန် မနေ့ကတည်းက Seoul, Korea ကို ရောက်နေကြသည်။
ပွဲက မနက်ဖြန်မှဆိုပေမယ့် ဒီနေ့က မကြာခင် စတော့မယ့် Drama Talk Concert ရှိသေးသည်။
ဒါကြောင့် ပွဲစရန် နာရီ၀က်အလိုတွင် P'Yong က Billkin တို့သုံးယောက်လုံးကို မေးနေခြင်းပင်။"အဆင်သင့်ပါပဲP'"
"ကျွန်တော်လည်း အဆင်သင့်ပါပဲ"
"ကျွန်တော်ရောပဲ""ဒါဆို video လေးတစ်ခုရိုက်ရအောင် မကြာခင် Talk Concert စတော့မယ့်အကြောင်းလေးပေါ့၊ Nadao Social Media မှာတင်ရအောင်။"
"ဟုတ်"
BK, PP, KP : မင်္ဂလာပါခင်ဗျ
PP : talk concert အတွက် ကျွန်တော်တို့က ေတာ့ အဆင်သင့်ဖြစ်နေပါပြီခင်ဗျ။
BK : Seoul International Drama Awards မှာပါ။
KP : Link ကိုနှိပ်ပြီး ကြည့်ရှုရမှာပါ ခင်ဗျ။"Ok ရပြီ"
~~~~~~~~~~~~PP အနေနဲ့ ဆုပေးပွဲတွေ live တွေအများကြီး အရင်က တက်ဖူးပေမယ့် အခုကတော့ မတူ၊ ပိုမိုကြီးကျယ်ခမ်းနားသည်။ PP ရင်တွေခုန်ပြီး လက်ဖျားတွေအေးစက်နေသောကြောင့် လက်ဖဝါးအချင်းချင်း ပွတ်နေမိသည်။
"P, စိတ်လှုပ်ရှားနေလား"
Billkin က PP အနားကပ်၍ တိုးတိုးလေးမေးလိုက်သည်။"အင်း နည်းနည်း၊ စိတ်လှုပ်ရှားတာကော ကြောက်တာကော"
မနေ့ကပင်ပန်းနေတာကြောင့်ကော ဆုယူရမှာကြောင့်ကောစိတ်လှုပ်ရှားနေတာကတစ်ကြောင်း၊ တိုင်းတစ်ပါးမှာလုပ်ေသာ၊ ကြီးကျယ်ခမ်းနားသည့်ပွဲတစ်ခုဖြစ်၍ အနည်းငယ် ရှိန်ကာ ကြောက်နေမိတာကတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် PP ရင်တွေခုန်ကာ လက်ဖျားများအေးစက်နေခြင်းပင်။
"ငါလည်းအတူတူပဲ၊ စိတ်လှုပ်ရှားနေတယ်၊ ဒါေပမယ့် ပျော်စရာကောင်းမှာပါ၊ မကြောက်နဲ့နော်"
ပြောရင်း ဆိုရင်း PP လက်ကလေးကို မိမိလက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပေးလိုက်ပြီး အနွေးဓါတ်ပေးလိုက်သည်။ PP က ကျေနပ်စွာဖြင့် Billkin မျက်လုံးများကို ကျေးဇူးတင်သည့်အကြည့်များဖြင့်ကြည့်ကာ ပြုံးပြလိုက်တော့ Billkin ကပြန်ပြုံးပြသည်။ သူတို့ကြားက စကားဖြင့်ေပြာစရာမလိုသော connection တစ်ခုပင်........
YOU ARE READING
From Sunset To The First Snowfall with You
FanfictionFor ITSAY winning the International Drama of the Year from Seoul International Drama Awards ❤️💙