6

254 28 0
                                    

Arc 4 : Let me protect you (VI)

ကလိုင်းရဲ့လက်တုန့်ပြန်ချက်ကထင်တာထက်တောင် မြန်နေသေးတယ်။ ပါတီပြီးလို့လဝက်တောင်မရှိသေးဘူး မစ္စတာဖရယ်ကကုမ္ပဏီကနေအကြောင်းမရှိအလုပ်ထုတ်ခံလိုက်ရသလို မစ္စဖရယ်ရဲ့ပန်းခင်းလည်းဖျက်ဆီးခံလိုက်ရတယ်။ အဲ့တာတင်မကသေးဘဲ ရှန့်ခယ်နဲ့ဖုန်းကျွမ်ရဲ့စက်ဘီးတွေလည်းအခိုးခံရသလို အခြားပစ္စည်းတွေပါပျောက်နေတယ်။ သိပ်မကြာခင်မှာပဲ ကလိုင်းဆိုတဲ့ခွေးသူတောင်းစားကသူတို့ရှေ့ပေါ်လာပြီး သူ့ရဲ့လုပ်ရပ်တွေအပေါ်အရမ်းကို မာန်တက်နေလေတယ်။ သူတို့ကိုသူနဲ့အတူအိပ်ပေးမယ်ဆိုရင် လွတ်ပေးမယ်လို့လည်းကမ်းလှမ်းလာတော့ ဖုန်းကျွမ်ရဲ့ဆော်ပလော်တီးတာထပ်ခံရပြန်ရော။ သူတို့ရဲခေါ်မှာဖုန်းကျွမ် မကြောက်ဘူး။ လူပျိူဖားဖားကြီးတွေက၁၂နှစ်သားလေးအတီးခံရပြီး အမိ၊အဖတရတယ်ဆိုတာကမှ သိက္ခာကျတာမဟုတ်လား။

"သင်းတော့အချိန်သိပ်ပိုနေပုံပဲ'' ရှန့်ခယ်ကထိုသို့ပြောတော့ ဖုန်းကျွမ်ကအေးဆေးပင် ''ဒါဆိုလည်းအလုပ်ပေးလိုက်ကြတာပေါ့''

အဲ့လိုနဲ့သူတို့ ညစ်ညမ်းပုံတွေကိုကလိုင်းရဲ့ကျောင်း Facebook နဲ့အခြား website တွေမှာပါတင်ပေးလိုက်တယ်။ လူရှေ့ကို ကလိုင်းနဲ့အရွယ်ရောက်မိန်းမပုံတွေကိုပဲချပြပြီး အရွယ်မရောက်သေးတဲ့ကလေးတွေနဲ့ပုံတွေကိုတော့ ရဲဆီပို့ပေးလိုက်တယ်။ ကလိုင်းအေးဆေးနေလို့ရတယ်ဆိုတာ သူတို့ဘာမှမလုပ်သေးလို့ပဲ။ အခုလုပ်ပြီဆိုမှတော့ တော်တော်နဲ့နလန်ထူနိုင်မှာမဟုတ်ဘူး။ မိသားစုဝင်ငွေအတွက်တော့ သူတို့မပူဘူး။ အစိုးရထောက်ပ့ံကြေးအပြင် လမ်းဘေးဖျော်ဖြေမှုတွေပါလုပ်တွေပါလုပ်ပြီး ပရိုဂရမ်အသေးစားတွေလည်းရောင်းတော့ သူတို့ဝင်ငွေကသာမန်ထက်ပိုတောင်နေသေးတယ်။ ပြီးတော့ဖရယ်လင်မယားကသိပ်ကို ကြိုးစားပြီးတက်ကြွတဲ့သူတွေ။ အလုပ်ပြုတ်တာနဲ့အလုပ်သစ်ကိုကြိုးစားပမ်းစားထပ်ရှာကြတယ်။

"ဘယ်သူလုပ်တာလည်းမသိရသေးဘူးလား'' စတားနည်းပညာဥက္ကဌရုံးခန်းထဲမှ သက်လယ်ပိုင်းအရွယ်လူကြီးကသူ့ရှေ့က နည်းပညာရှင်ကိုဒေါသတောက်တောက်မျက်လုံးတွေနဲ့ကြည့်ရင်မေးလိုက်တယ်။

ပွေ့ဖက်​ခွင့်​ [Heroic death system]Where stories live. Discover now