Chapter 6

348 43 0
                                    

[Unicode]

Grace တို့ တစ်ယောက်နဲ့ တစ်ယောက် နာမည်ပြောပြီးသွားပြီး ဆက်ပြောစရာ စကားမရှိသေးသောကြောင့် ၃ ယောက်လုံး ခဏငြိမ်သွားပြီး နည်းနည်းအကြာမှာတော့ Harry က စပြောလာသည်။

"ဟိုလေ Slytherin က မကောင်းတဲ့လူတွေ များတယ်လို့ ကြားတယ် အဲ့ဒါ တကယ်ကြီးလား"

"မဟုတ်ပါဘူး" "မဟုတ်ပါဘူး"

"အဲ့ဒါဆို ဘာလို့ တခြားသူတွေက အဲ့လို ပြောကြတာလဲ Ron လည်း အဲ့လို ပြောတာပဲ"

"ငါသိသလောက် ပြောရမယ်ဆိုရင် ဘာလို့ မကောင်းတာလဲဆိုတော့ အဲ့ဒီ နင့်ရဲ့ အမာရွတ်ကို ပေးသွားတဲ့ Voldemort က Slytherin ကလေ အဲ့တော့ သူတစ်ယောက်မကောင်းတော့ ကျန်တဲ့ သူတွေပါ မကောင်းဘူး ဖြစ်သွားတာပေါ့"

"Grace နင် သူ့နာမည်ကို ပြောရဲတယ်နော်"

"အယ်"

*မေ့သွားတယ် သူ့ကို အဲ့နာမည် ခေါ်တဲ့သူ သိပ်မရှိဘူးဆိုတာ*

"ဟဲ မေ့သွားတယ် ဒီတိုင်း ထွက်သွားတာ"

"Quidditch ကရော ဘယ်လိုမျိုးလဲ"

"Quidditch ကလား"

"အွန်း ပြောပြပါလား"

"Quidditch က blah...blah....blah"

Draco ပါးစပ်လှုပ်နေတာကို မြင်နေရသော်လည်း ဘာသံမှ မကြားရတော့။ ​ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းက အရမ်းလှနေသည်လေ။ Draco ရဲ့ ဆံပင်ငွေရောင်တွေက လေတိုက်နေသဖြင့် တလွင့်လွင့်ဖြစ်နေသည့်အပြင် Harry ရဲ့ ဆံပင်အနက်ရောင်ကလည်း တလွင့်လွင့်နှင့်ပင်။ နေကလည်း ဝင်တော့မည့် ဆည်းဆာချိန်ဖြစ်သောကြောင့် ကောင်းကင်အရောင်ကလည်း လိမ္မော်ရောင်လိုလို၊ အနီရောင်လိုလို သမ်းနေသေးသည်။ ရေကန်ပေါ်ကိုလည်း အရောင်က ကျနေသလိုလိုပင်။ သူတို့နှစ်ယောက်မှာ တစ်ယောက်ကလည်း ပြုံးရွှင်ပြီး ပြောနေသလို နောက်တစ်ယောက်ကလည်း စိတ်ဝင်တစားနှင့် နားထောင်နေသည်။ တစ်ချက်တစ်ချက်ဆို နှစ်ယောက်က ရယ်လိုက်သေးသည်။ အခုလို အချိန်ကိုသာ ဓာတ်ပုံရလိုက်ရင်တော့လား။ ဘယ်လောက်တောင် လှလိုက်မလဲ။ phone လေးရေ လွမ်းတယ်ကွာ။ အခုချိန်များသာ လက်ထဲ phone ရှိလို့ကတော့ ပုံတော်တော်များများ ရသွားလောက်သည်။

I was transmigrated into Harry Potter's WorldWhere stories live. Discover now