Ordinary losing

46 8 7
                                    

ခင်ဗျားတို့ငယ်ငယ်တုန်းက  အရုပ်ဆိုင်တစ်ခုရှေ့ကဖြတ်ရင်း အကြည့်မလွှဲနိုင်အောင်သဘောကျမိတဲ့အရုပ်တစ်ရုပ်ရှိခဲ့မှာပဲ ။

တစ်ခါတစ်ရံတော့အဲဒီအရုပ်လေးကိုအိမ်ကိုဝယ်သွားခွင့်ရပြီး  ကံမကောင်းတဲ့တစ်ခါတစ်လေကျ အဲဒီအရုပ်လေးကိုတစ်ခြားတစ်ယောက်ကပျော်ပျော်ရွှင်ရွှင်အိမ်ခေါ်သွားတာကို တတ်နိုင်တာမရှိဘဲကြည့်နေရမှာပေါ့။

ကိုယ်တိုင်တယုတယပျိုးထောင်ထားတဲ့ ကြောင်လေးတစ်ကောင်ကတစ်ခြားသူတစ်ယောက်ရဲ့ပွတ်သပ်ပေးတာကိုလိုလားတာမျိုး..။

အကြိုက်ဆုံး ရေခဲမုန့်အရသာကတစ်ခုပဲကျန်နေပေမဲ့ အဲဒီနောက်ဆုံးတစ်ခုကိုမျက်စိရှေ့တင် တစ်ခြားသူတစ်ယောက်ကဦးအောင်ဝယ်သွားတာမျိုး။

ဒီလိုဖော်ပြတာမှန်ကန်ရဲ့လားသေချာမသိဘူး 
သေချာတာတော့ မက်မောမိတဲ့အရာကိုပိုင်ဆိုင်ရဖို့ ပြိုင်ဆိုင်ခွင့်တောင်မရှိဘဲ မသိလိုက်ခင်ရှုံးနိမ့်လိုက်ရတာပေါ့

ကိုယ်နဲ့သက်ဆိုင်တယ်လို့ယူဆထားပေမဲ့ ဘယ်အချိန်မှာတစ်ခြားတစ်ယောက်နဲ့သက်ဆိုင်သွားရတာပါလိမ့်... 
အကုန်လုံးကသတိမထားမိတဲ့အချိန်ပိုင်းခြားလေးမှာပြောင်းလဲသွားခဲ့တာလား။  
ဒါမှမဟုတ်  ကိုယ်မသိတဲ့ဟိုးအစကတည်းကကံကြမ္မာကသတ်မှတ်ထားတာမျိုးလား။

ရူးကြောင်ကြောင် နိုင်လိုက်တာဗျာ..
ကျွန်တော်က သူနဲ့ပါတ်သတ်တဲ့အရာရာကို ထာဝရတည်မြဲမယ်လို့ထင်ခဲ့မိတာ။
_______________________

အဲဒီနေ့ကရာသီဥတု ဆိုးတယ်လို့ပြောလို့ရတယ်ဗျ။
ကျောင်းဆင်းချိန် ညနေခင်းတစ်ခုမှာပေါ့

မိုးတွေရွာပြီး လေတွေတိုက်လိုက်တာဆိုတာလေ  အေးလည်းအရမ်းအေးသဗျ ကျွန်တော်အကြိုက်ဆုံးဂျက်ကတ်လေးရော  ရှူးဖိနပ်လေးရော မိုးတွေစိုကုန်ရောဗျာ...
အဲဒီဖိနပ်ကraynဝယ်ပေးထားတဲ့ဟာ။

သူသိရင်စိတ်တွေဆိုးဦးမှာပဲ  ထီးမယူခဲ့မိတဲ့ကျွန်တော့်အမှားပါထီးလေးသာယူလာခဲ့မိရင်လို့.. ကျွန်တော့်ဖိနပ်လှလှလေးကိုကြည့်ပြီးခပ်ချဥ်ချဥ်တွေးမိတာပေါ့။

/Ordinary Losing/Where stories live. Discover now