Part 3

5.9K 706 28
                                    

ⓊⓃⒾⒸⓄⒹⒺ

"ဒါဆိုရင် မင်းဒီမှာပဲနားနေခဲ့လိုက် Jungkook ... "

"Taeကိုဘယ်လိုပြောမလဲ"

"မင်းခရီးထွက်နေတယ်လို့လိမ်ပေးထားမယ်"

"အင်း... ကျွန်တော့် ဒဏ်ရာမကျက်သေးသ၍ ကျွန်တော်အိမ်ကိုပြန်လာနိုင်မှာမဟုတ်လို့ Tae ကိုသေချာဂရုစိုက်ပေးပါ Hyung "

"အင်း... ဟုတ်ပြီ။ အမြန်သက်သာအောင်သာနေ"

"အင်း"

"Tae ဖုန်းခေါ်ထားတယ်တဲ့မင်းကို... ပြန်ဆက်လိုက်အုံး။ သူစိတ်ကောက်နေမှာသေချာတယ်"

"ဟုတ်ကဲ့ပါ Hyung .."

"အဲ့တာဆိုရင် ငါသွားတော့မယ်"

~~

"Min...Jeon ရော..သူဘာလို့ပြန်မလာသေးတာလဲ"

"Company အတွက်အရေးတကြီးခရီးထွက်သွားတာမို့"

"ဟွန်း... အဲ့ဒီ Jeon ကတော့လေ တကယ်မကောင်းဘူး။Tae ကိုဘာမှလဲကြိုမပြောဘူး"

"သူကအလုပ်ကိစ္စနဲ့မို့ပါ... Jungkook ကိုစိတ်မဆိုးနဲ့ ဟုတ်ပြီလား"

"စိတ်မဆိုးပါဘူး ။ စိတ်မကောင်းဖြစ်မိတာ... အရင်ကဆိုဘာပဲလုပ်လုပ် Jeon က Tae ကိုအရင်ဆုံးအသိပေးတာ။ ခရီးထွက်မယ်ဆိုရင်လဲ ကြိုပြောပြီး ဘာဝယ်ခဲ့ရမလဲတဖွဖွမေးတတ်တာ ။ အခု Jeon ကဘာလို့အရင်ကနဲ့မတူတာလဲ"

"သူအရမ်းကို အလျင်လိုနေတာမို့ပါ Taeရယ်... သိပ်ပြီးအတွေးမလွန်ပါနဲ့"

"အင်းပါ...ဘာမှမတွေးတော့ပါဘူး Min ပြန်လာနေပြီပဲကို"

"လာပါအုံး ကိုယ့်ရင်ခွင်ထဲကို.. ခဏလောက်ဖက်ထားပါရစေ"

Taehyung ကအလိုက်တသိပင် Suga ရဲ့ရင်ခွင်ထဲကိုတိုးဝင်လိုက်သည်။
Suga လဲ Taehyung ကိုတင်းကျပ်စွာပွေ့ဖက်ထားလိုက်ပြီး Taehyung ရဲ့ဆံပင်လေးတွေကိုနမ်းရှိုက်နေလိုက်သည်။

.....

"မင်းအခုထိထွက်မသွားနိုင်သေးဘူးလား Jimin..."

"ကျွန်တော့်မှာသွားစရာမှမရှိတာ"

"ပိုက်ဆံလိုသလောက်ထုတ်ပေးမယ်... ငါ့ယောက်ျားအနားကသာနင်ထွက်သွားစမ်းပါ"

CHESS(Completed)Tempat cerita menjadi hidup. Temukan sekarang