သက်ထားမမနဲ့ကန်ဘောင်မှာလမ်းလျှောက်ပြီး
အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်တော့မေမေဟာသက်ထားကိုလှမ်းခေါ်လိုက်သည်။
"သမီးရေ.."
"ရှင်...မေမေ"
"ခုမှပြန်ရောက်တာလားဘယ်တွေသွားနေတာလဲ၆နာရီတောင်ထိုးတော့မယ်နောက်ကျလိုက်တာကွယ်"
"ဟို သမီး ဆရာမနန်းနဲ့လမ်းလျှောက်ထွက်သွားလို့ပါ"
"အော် အင်းပါ သမီးကအဲ့ဆရာမလေးကိုတော်တော်ခင်တွယ်နေတာပဲ"
သက်ထားမေမေ့အမေးကိုမဖြေတော့ပဲ...
"သမီးအပေါ်တက်တော့မယ်မေမေ"
"အင်းအင်း သမီး ခဏနေကျရင်ထမင်းစားဖို့လာခဲ့တော့နော်"
"ဟုတ်ကဲ့မေမေ"
သက်ထားလဲမေမေနဲ့ပြောပြီအပေါ်သို့တက်ကာ
သက်ထားအခန်းထဲသို့ဝင်လာလိုက်သည်။ရေမိုးချိုး
ကာlotionလေးလိမ်း၊ညဝတ်အိကျီလေးကိုဝတ်ပြီးထမင်းစားရန်အောက်ထပ်သို့ဆင်းလာလိုက်သည်။ထမင်းစားဝိုင်းတွင်မေမေဟာအန်တီလေးနှင့်သက်ထားကိုတစ်ခုခုပြောချင်နေပုံရသည်။ထိုအခါသက်ထားဘက်ကပဲမေမေ့ကိုမေးလိုက်ရသည်။
"မေမေ"
"ပြောလေ...သမီး"
"မေမေ အန်တီလေးနဲ့သမီးကိုတစ်ခုခုပြောစရာများရှိလို့လား"
"အမ် အဲ့တာကလေသမီးမေမေပြောရင်သမီးမေ့မေ့ကိုမုန်းသွားမှာလားပြီးတော့မမမြတ်ကောပဲ"
"ဟင်မေမေကဘာအကြောင်းမို့လို့လဲ"
"ဟုတ်ပါ့ညီမလေးကဘာအကြောင်းပြောမလို့လဲ ပြောလေညီမလေးရဲ့"
"အင်း ဟိုဟာမေမေကိုလင်းနဲ့လက်ထပ်တော့မို့သမီးနဲ့မမတို့သဘောတူရဲ့လား"
"ဘာ..."
"ဘယ်လို.."
အန်တီလေးနှင့်သက်ထားဆီမှအာမေဋိတ်အသံ
လေးပြိုင်တူထွက်လာခဲ့သည်။
"မေမေ ကိုလင်းနဲ့ချစ်သူဖြစ်နေတာကြာပြီသမီးမေမေကိုလင်းကိုချစ်တယ်ပြီးတော့ကိုလင်းကမေမေ့ကိုလက်ထပ်ခွင့်တောင်းထားတာကြာပြီခုမေမေကိုလင်းကိုလက်ထပ်ခွင့်တောင်းထားတာမေမေလက်ခံလိုက်
ပြီး"
