Ep1

5.9K 149 10
                                    

[Unicode]

စားသောက်ဆိုင်တစ်ခုရှိ VIP ROOMတစ်ခုထဲတွင်

"လမ်းခွဲကြမယ်..."

တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သော စကားတစ်ခွန်း

"အကြောင်းပြချက်....."

"ငါ မင်းရဲ့ဆိုးတဲ့ရစ်တဲ့ဒဏ်တွေမခံနိုင်တော့ဘူး မင်းနဲ့ဆက်တွဲရမှာကို မပျော်ဘဲ စိတ်ညစ်လာပြီ...... ငါ့ကို မင်း အချိန်မပေးနိုင်ဘူး သူများအတွဲတွေလိုငါလည်းနေချင်တာပေါ့ ကိုယ့်ကောင်မလေးနဲ့အချိန်တိုင်း စကားတွေပြော လက်ချင်းတွဲပြီး လျှောက်လည်ချင်တာပေါ့ ဟက် ငါထင်ထားတာတွေ တစ်ခုမှ ငါမရဘူး 24 နာရီရှိရင် 1နာရီလောက်ဘဲဖြစ်ဖြစ် ငါ့ကို အချိန်ပေး‌ရင် ငါ ပျော်မိမှာ 1နာရီမပြောနဲ့ 45 မိနစ် ရဖို့တောင် အနိုင်နိုင်....မင်း တစ်နေ့တစ်နေ့ဘာလုပ်လည်း ဟမ် စောက်အလှအပဘဲ ပြင်နေတာလေ ဘာလဲ နောက်တစ်ယောက် ထပ်ရှာမလို့လား ဟက် သူဌေးသမီးတွေများကြောက်ဖို့ကောင်းလိုက်တာ ငါ မင်း အကျင့်တွေ တစ်နေ့တော့ပြင်မှာပါဆိုပြီးငါ 6 လ လုံးလုံးသည်းခံခဲ့တယ် ခုတော့ မင်းကအကျင့်တွေမပြင်တဲ့အပြင် ပိုဆိုးလာတယ် ငါမင်းကို စောက်ရမ်းစိတ်ပျက်လာပြီ သိလား "

"ဟက် မ ပြောချင်တာက ဒီလိုတွေဖြစ်ရတာ ကလေး ကြောင့်ပေါ့ ဟုလား...Ok မ သဘောဘဲ ပျက်မယ်ဆိုတော့လည်း ပျက်ပေးရသေးတာပေါ့ မ တောင်ပျက်နိုင်သေးတာဘဲ ကလေး က ဘာလို့ မပျက်နိုင်ရမှာလည်း😃😃 ဒီနေ့ကစပြီး မနဲ့ ကလေး ရဲ့ ဇာတ်လမ်းဒီမှာတင်ပြီးပြီ 🙂 ခွင့်ပြုပါအုန်း"

လဝန်းလည်းထိုနေရာမှာဆက်နေရင် ငိုမိမှာစိုးတာကြောင့် စားသောက်ဆိုင်ထဲက ပြေးထွက်လာကာ
ကားပါကင်ရှိ boargward အဖြူလေးထဲသို့ပြေးဝင်ကာ ငိုနေမိတော့သည်........

*ဟင့် မ အရမ်းရက်စက်တယ်......မကို မုန်းတယ် ဒါမယ့် ကလေးရဲ့ နှလုံးသားထဲမှာတော့ မကိုချစ်နေဆဲဘဲ........မ နဲ့လမ်းခွဲလိုက်ပေမယ့် မက်ု ကလေးဘဲပ်ုင်တယ် အဲ့တာကလေးရဲ့တစ်ခုတည်းသောအတ္တဘဲ😠😠😠 *

📱This night is cold in the kingdom.....
I can feel you fade away....
From the kitchen......to the bedroom skin and....your steps keep me
awake..📱

ထိုအချိန်‌တွင် အိတ်ထဲမှဖုန်းမြည်လာတာကြောင့် ထုတ်ကြည့်လိုက်တော့ လေပြေသွေးစီက ဆက်တာကြောင့် ကိုင်လိုက်ကာ...

ရွှေမင်းသမီးလေးရဲ့ကိုယ်ရံတော် (ရပ်နား)Where stories live. Discover now