Missed Dating [Unicode]

1.3K 106 45
                                    

One Shot Fic
Heeseung×Oc


TOP Entertainment အဆောက်အအုံကြီးရှေ့ရဲ့ အအေးဆိုင်လေးမှာ အဖော်မပါစွာ သူမတစ်ယောက်တည်းရှိနေလေသည်။ အအေးတခွက်ရှေ့ချကာ ခြေထောက်ကိုချိတ်ကာဖုန်းသုံးနေပုံက မာနကြီးကာမောက်မာတဲ့ သူဌေးသမီးတစ်ယောက်နှယ်။

သူဌေးသမီးဖြစ်ဖို့မပြောနှင့် သူဌေးရဲ့အိမ်အကူအဆင့်တောင် ဖြစ်ဖို့အနိုင်နိုင်အခြေအနေပေ။

ဖုန်းscreen ပေါ်မှာ ဆက်တိုက်ပြေးလွှားနေတဲ့အကြောင်းအရာတွေက သူမရဲ့စိတ်ဝင်စားမှုတွေကိုအသဲအသန်ဖြစ်စေသည်မှာမဆန်းလှ။

ဒီရက်ပိုင်းထဲ သူမ social media accရဲ့ message box ထံသို့ customersတွေအများအပြားလာရောက်ကြတာကြောင့် ဘယ်လိုဝမ်းသာလို့ပျော်မှန်းမသိတဲ့ ခံစားချက်တွေက အပြေးအလွှားဝင်ရောက်နေရာယူလို့နေသည်။

သူမက ဂျယ်ဂျူကျွန်းမှာ နေထိုင်တဲ့ ဘာပကာသနအဆင်အယင်မှမရှိတဲ့ သာမန်မိန်းကလေးတဦးပါပင်။

ဘေးလွယ်အိတ် ဦးထုပ် အင်္ကျီအစရှိသဖြင့် လူ့အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ချည်ထိုးအလှဆင်ခြင်းကို ကိုယ်တိုင်ပြုလုပ်ရတာကို အလွန်သဘောကျနှစ်သက်သည်။ ကိုယ်တိုင်ပြုလုပ်ပြီး ပစ္စည်းများကိုလဲ သူမရဲ့ social media acc မှာတင်ဖြစ်နေကြဖြစ်သည်။ accမှာရှိတဲ့ followerတချို့က သူမရဲ့ချည်ထိုး လက်ရာမှာ သာမန်ထက်ပိုမိုစွာ သေသပ်လွန်းတာကြောင့် သဘောကျလိုက်တာ ဆိုတဲ့ feedbacksအများအပြားကိုလဲကြားရပါသည်...ထို့နောက် followers များကပဲ သူမထံသို့ ချည်အလှဆင်ပေးဖို့ရာ တောင်းဆိုလာကြသည်။

ဒီလိုနဲ့ ကိုယ်ပိုင်ဝင်ငွေလေးလဲရအောင် တစ်နိုင်တစ်ပိုင်စီးပွားရေးလေးအနေဖြင့် သူမဆီ order လာအပ်ကြတဲ့ customersတွေ စိတ်တိုင်းကျHandmadeချည်လေးတွေထိုးဖြစ်ခဲ့သည်မှာ အချ်ိန်အားဖြင့် တနှစ်တောင်ပြည့်တော့မည်။

ဂျယ်ဂျူကနေ ဆိုးလ်သို့ရောက်လာရခြင်းအကြောင်းပြချက်ကတော့ အချစ်ဆုံးသူငယ်ချင်းကြီးတစ်ယောက်ရဲ့ ဆင့်ခေါ်မှုကြောင့် လာရခြင်းဖြစ်သည်...မြို့ပေါ်လဲရောက်တုန်း ချည်ထိုးဖို့လိုအပ်တဲ့ အသုံးအဆောင်တွေကိုလဲ onlineကနေမှာယူခြင်းမပြုလုပ်တော့ဘဲ ကိုယ့်စိတ်တိုင်းကျဝယ်လို့လဲရလေသည်...
သူငယ်ချင်းလဲလာတွေ့ ပစ္စည်းတွေလဲစိတ်တိုင်းကျလာဝယ်ခွင့်ရသည် တွေးကြည့်ရင် တချက်ခုတ်နှစ်ချက်ပြတ်ပေါ့...ဒီလိုဆိုတော့လဲ ယန်ဂျောင်ဝန်းကိုကျေးဇူးတင်ရမှာပါလား။

𝙈𝙞𝙨𝙨𝙚𝙙 𝘿𝙖𝙩𝙞𝙣𝙜  ( One Shot )        [ Heeseung×OC ]Where stories live. Discover now