Hundred Ways to Chase my Mochi

305 30 9
                                    

~Hundred ways to chase my Mochi~ (Unicode)

နေမပူ မိုးမရွာဘဲ ရာသီဥတုသာယာနေတဲ့ နေ့ရက်တစ်ရက်မှာ အလယ်တန်း ဒုတိယနှစ်ကျောင်းသားလေး ဗြောင်ဘတ်ဟျွန်းကတော့ တစ်ယောက်တည်းကွက်ပြီး မုန်တိုင်းတိုက်ခံနေရပါသတဲ့ ။ အကြောင်းအရင်းကတော့ ဗြောင်ဘတ်ဟျွန်းတစ်ယောက် လပတ်စာမေးပွဲကျလို့ပါပဲ ။

'ကျမှာပေါ့ အဲ့ဂိမ်းပဲဆော့နေတာကို'ဆိုတဲ့စကားကိုလည်း နာရီဝက်အတွင်းမှာတင် ဆယ်ခေါက်တိတိသူနားသောတဆင်ပြီးသွားပြီ ။

'စာလုပ်ပါဟဲ့ စာလုပ်ပါဟဲ့ဆို ဘယ်တော့မှ ဟုတ်ကဲ့ဆိုတာမရှိဘူး ၊ အေးဆေးပါအမေရာလို့ချည်း​ပြောပြီး ဒီဂိမ်းပဲထိုင်ဆော့နေမှတော့ ကျတာတောင်နည်းသေး ၊ ဉာဏ်လေးက ကောင်းပါရက်နဲ့ စာလုပ်ဖို့ကိုဆို နောက်ကနေ ကြိမ်နဲ့တို့နေရတယ်အမြဲ ၊ မဖြစ်ဘူး မဖြစ်ဘူး နင့်ကိုနင့်အဒေါ်ဆီအပ်မှရတော့မယ်'

'ဟာ...မေမေ့...မေမေ့ညီမအပျိုကြီးဆီကိုတော့ မအပ်နဲ့နော်၊ သားမတက်ချင်ဘူး'

မေမေကဆူနေကျမို့ အချိန်တန်ရင်ပြီးသွားမှာပဲလို့နှလုံးသွင်းပြီး ငုတ်တုတ်ထိုင်နားထောင်နေပေမယ့် ဒေါ်လေးဆီအပ်မယ်ဆိုတဲ့စကားအဆုံးမှာတော့ ဘတ်ဟျွန်းခေါင်းမွှေးများပင်ထောင်သွားသည် ။

'မတက်လို့မရဘူး...ငါမင်းဒေါ်လေးကိုပြောပြီးဆိုပြီးသွားပြီ ၊ ဘယ့်နှယ့် အဒေါ်က ကလေးတွေကိုစာသင်တဲ့ဂိုက် ၊ တူက အတန်းထဲမှာ ဘိတ်ချေး ၊ ကြားလို့မှကောင်းသေးရဲ့လား '

'ဒေါ်လေးလောက်ဇီဇာကြောင်တာဒေါ်လေးပဲရှိတာကိုမေမေက သူ့လက်ထဲသားကိုအပ်ရက်တယ်ပေါ့ ၊ သားသူ့လက်ထဲလုံးပါးပါးသွားရင်ဘယ်နှယ့်လုပ်မလဲမေမေရဲ့ '

ငိုမဲ့မဲ့မျက်နှာထားနဲ့ ဘတ်ဟျွန်းကို မေမေက ဒီတစ်ခါအလိုလိုက်မယ့်ပုံမပေါ်တဲ့အပြင်ခေါင်းပါခေါက်ချင်နေတဲ့အကြည့်နှင့်ကြည့်လာသည် ။

'လုံးပါးပါးရအောင် နင်ကပရုတ်လုံးလားဗြောင်ဘတ်ဟျွန်းရဲ့ ၊စာကျက်ဝိုင်းလေးတက်ခိုင်းတာကို သခွားသီးအတင်းစားခိုင်းမိတဲ့အတိုင်းပဲ ၊ မတက်လို့မရဘူးနော် ၊ အေး...မတက်ဘူးဆို မင်းဂိမ်းစက်တွေအကုန် မင်းညီဝမ်းကွဲကိုငါပေးပစ်မှာ '

Adoration (Sebaek)Where stories live. Discover now