Part-3(Uni)

1.6K 77 2
                                    

'နွေးထွေးပီး နူးညံ့နေတာပဲ နေ‌လို့ကောင်းလိုက်တာ ' ဖြူနွယ် လက်ကတင်းကျပ်စွာဖတ်ထားပီး မင်းဘုန်းမြတ်ရဲ့ရင်ခွင်ထဲမျက်နှာကိုပွတ်သပ်လို့နေသည်။ သေချာတာက သူမ ဖက်ထားတာဖက်လုံးမဟုတ်ဘူးဆိုတာပဲ။

"မင်း ခဏလောက်လွှတ်ပေးပါလားနိုးနေရင်လဲ ကိုယ်အသက်ရှုကျပ်တယ်"

"ဟင်...."မျက်လုံးကမဖွင့်နိုင် မင်းဘုန်းမြတ်ရဲ့'နွေးလိုက်တာ နူးနူးညံ့ညံ့နဲ့ နေလို့ကောင်းလိုက်တာအသံကြားမှ မနဲပြူးပြဲဖွင့်ကြည့်တော့....

'ငါကဘာလို့သူ့ကိုဖက်ထားရတာလဲ အားးးး!"

သူ့အားပြူးတူးကြောင်တောင်နဲ့ကြည့်နေသော အနှီးမိန်းကလေးကို ကြည့်ရင်း ပြုံးလိုက်သည် ။

'မင်းဘုန်းမြတ်! ရှင်ကဘာလို့အဲ့လောက်တောင်ချောရတာတုန်း မနာလိုလိုက်တာ ....'

မနက်ခင်းပြဒင်းပေါက်မှ အလင်းရောင်လေးက သူ့အပေါ်ကျရောက်နေတော့ သူ့ရဲ့ခန္ဓာကိုယ်ကထင်ရှားစွာနဲ့ လဲလျောင်းနေတယ် အပြုံးလေးပါဖြည့်လိုက်တော့ သူမအတွက်မနက်ခင်းအားဖြည့်စာလိုပဲ

'တိတ်စမ်း ငါဘာတွေတွေး နှာဘူးထတာတော်ယုံပဲကောင်းတယ် '

ဖြူနွယ်ရှက်ရှက်နဲ့"ရှင်ဘာလို့စည်းဖျက်လိုက်တာလဲ ဘာလို့ကျွန်မဘက်ကိုရောက်နေတာလဲ "

"ဟောဗျာ ကိုယ်ကကိုယ့်နေရာမှာပဲလေ မင်းထကြည်အုန်း"

သူမရဲ့နေရာက ကွက်လပ်....ခေါင်းအုန်းက ဘေးဘက်ရောက်နေ

ဖြူနွယ်"......."

"အိပ်ချင်မူးတူးနဲ့ဘာတွေပြောနေတာလဲ သွားရေချိုးတော့ ကိုယ်လဲပြင်ဆင်တော့မယ် "

"ရှင်ဘာလို့အရမ်းယဉ်ကျေးနေတာလဲ"

မင်းဘုန်းမြတ် ရယ်သွမ်းလိုက်သည်။
"ကိုယ်ကမင်းနဲ့ဆိုဒီလိုပဲဟာကို "

"........."

"အော် မေ့လို့ လှလှလေးပြင်ခဲ့နော် ကိုယ်‌မင်းကိုငေးချင်လို့"

"......"ဒီလူဘာလားဟ ! ငေးချင်တယ် ဟွန့် သူပဲလွန်ထားထားဆီပထမဆုံးမကြည့်ရောက်မှာကို လာဖားနေတယ် ကြည့်နေလိုက်ပါ အလှဆုံးဖြစ်နေရမယ် ဟားဟားဟား

အနီရောင်ဒိုင်ယာရီထဲကဒုတိယဇာတ်လိုက်(ဇာတ်ကြောင်းကိုပြန်ပြင်မယ့် သူမ)Where stories live. Discover now