မေးခွန်း (၃၃) + (၃၄)

936 133 0
                                    

မေးခွန်း (၃၃) အချစ်ဆိုတာက မင်းတို့နှစ်ယောက်အတွက် ဘယ်လိုအရာမျိုးလို့ သတ်မှတ်မလဲ ?

-

" အချစ်က ? "

နှစ်ယောက်လုံးက တစ်သံတည်း ထွက်လာတော့ ဟယ်ချန်းက ပြုံး၏ ။
မတူညီတဲ့ လူတွေရဲ့ မတူညီတဲ့ အချစ်အပေါ်ခံယူချက်တွေကြား သူက သူ့သူငယ်ချင်းနှစ်ယောက်ရဲ့အဖြေကို သိချင်ခဲ့သူဖြစ်သည် ။

" အချစ်က ဘာနဲ့တူလဲ ဆိုတာမျိုးလား ? "

မေးခွန်းပြန်ထုတ်သူက ဂျဲနို ။
ဂျယ်မင်းက ဂျဲနိုကို ထောက်ခံသည့် သဘောဖြင့် ဟယ်ချန်းဆီက အဖြေကို စောင့်နေ၏ ။

" အင်း .. အဲ့လိုပေါ့ "

ဂျယ်မင်းများ အရင်ဖြေချင်ဦးမလား ဆိုပြီး ဂျဲနိုက ဂျယ်မင်းကို လှည့်ကြည့်လိုက်ပေမဲ့ ဂျယ်မင်းကတော့ ‌စဉ်းစားနေတဲ့ပုံပင် ။

အဲ့တာကြောင့် ဂျဲနိုက သူ့ဘာသာ အရင်ပြောဖို့ ပြင်၏ ။

" အချစ်က ဆိုတာထက် .. ကျွန်တော်တို့အတူတူရှိခဲ့တဲ့ အချိန်အစိတ်အပိုင်းကိုပဲ ပြန်ပြောကြည့်မယ် ။ ပင်လယ် .. ဒါမှမဟုတ် ကမ်းစပ် အဲ့တာမျိုးနဲ့တူတယ် "

ငါက ပင်လယ်တွေကို ကြည့်ရတာ သဘောကျတယ် ။
ငါက မင်းကို သဘောကျတယ် .. နာဂျယ်မင်း ။
မင်းက ငါ့အတွက် ပင်လယ်နဲ့တူတယ် ။

ပထမဆုံး ဂျယ်ဂျူကျွန်းကို ခရီးထွက်ခဲ့ချိန်က ဂျဲနိုရဲ့စကားတွေက ဂျယ်မင်းရဲ့ဦးနှောက်ထဲ ပြန်ရောက်လာသည် ။

ဂျဲနိုက အခုထိရော ပင်လယ်ကို သဘောကျနေတုန်းလား ..။
ငါ့ကိုရော .. ?

" ကျွန်တော် သဘောအကျဆုံးက ပင်လယ်ကို သွားကြည့်ရတာကိုပဲ ။ အဆုံးမရှိတဲ့ရေပြင်ကြီးဆိုပြီး ကြည့်ရတာ စိတ်ပေါ့ပါးတယ် အဲ့လိုခံစားရလို့ ။
လှိုင်းထန်တဲ့အချိန်ထက် သာယာ‌တဲ့အချိန်က ပိုများပြီး ..
လှိုင်းထန်ပြီးရင်လည်း ပြန်သာယာလာဦးမှာပဲ ။ ပင်လယ်နားနေရတာက အန္တရာယ်များပေမဲ့ အချစ်ကလည်း အဲ့ဒီလိုပဲမလား ။ လှိုင်းကြပ်ခွပ်လေးတွေလို ရင်ခုန်စရာလေးတွေရှိတယ် ၊ လှိုင်းလုံးကြီးတွေလို ပျော်ရွှင်စရာအချိန်တွေလည်း များတယ် ။
ပုံမှန်အချိန်ဆိုလည်း အေးချမ်းနေပြီး အရာအားလုံး အဆင်ပြေတယ်ဆိုတဲ့ ခံစားချက် ။

Untill The Last Question || NoMinWhere stories live. Discover now