Episode 6 (Unicode)

1.8K 107 50
                                    

၁ လတိတိ ကြာပြီးနောက်...

[မှူးသာခန့်]

ကျွန်တော် မင်းထင်ကို ပြောထားသည့်စကားကို သူ တည်သားပဲ..။ မမြင်ချင်ဘူးလို့ ပြောထားတာကြောင့် တစ်ခါတစ်လေ ဓာတ်လှေကားမှာ ကြုံတဲ့အခါမှာတောင် သူက အရင်ဆင်းခိုင်းသည်..၊ နေ့လည်ဘက် ကော်ဖီဆိုင် မှာတွေ့ရင် သူနဲ့ မျက်လုံးချင်းဆုံမိပေမဲ့ သူ့ဘက်ကပဲ အလိုက်တသိနဲ့ မျက်စိလွှဲပေးသွားသည်..။

ဒါပေမဲ့ ဘာကြောင့်မှန်းတော့မသိ..၊ သူမျက်နှာလွှဲသွား ရင် ဒါမှမဟုတ် လမ်းတွေ့ရင်မသိချင်ယောင်ဆောင်သွား တာက ကျွန်တော့်စိတ်ထဲ ဥပက္ခာပြုသွားသလို ခံစားရ သည်..။

သို့သော် ဒီနေ့တော့ တစ်လပြည့်ပြီ..၊ မနေ့ညကတောင် သူFacebook မှာ post တင်ထားသေးတယ်..၊ မနက်ဖြန်ရောက်ဖို့ အရမ်းရင်ခုန်နေပြီတဲ့..။

ကျွန်တော် ဓာတ်လှေကားဖြင့် မြေညီထပ်သို့ ဆင်းလာ ပြီး တိုက်ဘေးက ကော်ဖီဆိုင်သို့ လျှောက်လာခဲ့လိုက် သည်..။

ကော်ဖီဆိုင်အတွင်းသို့ဝင်လာပြီး ဆိုင်ထဲကို ဝေ့ကြည့် လိုက်တော့ ဟိုတစ်ခါ ထိုင်ခဲ့တဲ့ ဝိုင်းမှာပဲ ထိုင်ကာ ကျွန် တော့်ကို ကြည့်နေသည့်မင်းထင်..။

ကျွန်တော်လည်း စိတ်လှုပ်ရှားပါတယ်..၊ ကွာရှင်းပြီး သားလူနဲ့ တစ်ကနေပြန်စရတော့ အတိတ်ဆိုးက လွှမ်းမိုး နေတုန်းပဲ..။

ကျွန်တော် စားပွဲဝိုင်းဆီသို့ လျှောက်သွားလိုက်ပြီး ထိုင် ခုံကို ဆွဲထုတ်ထိုင်လိုက်သည်..။ ကျွန်တော့်ရဲ့ အပြုအမူ တိုင်းကို မင်းထင်က မျက်တောင်မခတ် လိုက်ကြည့်နေ သည်..။

"မှူး တစ်လပြည့်ပြီနော်.."

"အင်း သိတယ်လေ..အဲဒါကြောင့်ပဲ ငါလာခဲ့တာပေါ့.."

"ဒါဆို..ငါ့အတွက် အဖြေက.."

မင်းထင်၏ အ​မေးကိုအခုတစ်ခါတည်း ဖြေမှ ဖြစ်မည်။ ကျွန်တော် သက်ပြင်းကို ခပ်ဖွဖွချကာ မင်းထင်ကို ကြည့်လိုက်ပြီး-

လိုသုံး (Season-2)[Completed]Where stories live. Discover now