( ၃ )

4.6K 681 15
                                    

( Unicode )

အခန်း ( ၃ )

ရွှီချင်းနျို့က မိုင့်ယောင်အနားမှ ယောက်ျားများအားလုံးကို ညီဖြစ်သူ မိုင့်ယွမ်ပါမကျန် စစ်ကြည့်သည်။

နောက်ဆုံးတွင် ထောက်ပြနိုင်သူက ပိုင်ဖန်းတစ်ဦးတည်းသာ ရှိ၏။

ပိုင်ဖန်းသည် မိုင့်ယောင် မနှစ်ကတွေ့လာသော မိတ်ဆွေတစ်ယောက်၏ မိတ်ဆွေဖြစ်သည်။ သူက အင်မတန်ကိုမှ ချောမောကာ နာမည်ကြီး မော်ဒယ်လည်း ဖြစ်လေသည်။ ဖက်ရှင်လောကထဲ ကျင်လည်နေသည်မှာ နှစ်ပေါင်း ကြာလှကာ အသိအမြင်ကျယ်သူ တစ်ယောက်ပင်။

မိုင့်ယောင်သည် ပုံပန်းအရတော့ ရင့်ကျက်တည်ငြိမ်သော်ငြား အတွင်းနှလုံးသားကမူ ကောလိပ်တက်စဥ်ကအတိုင်း ကျန်ရစ်နေသေးသည်။ စိတ်လှုပ်ရှားစရာ အသစ်အဆန်းများကို သဘောကျသော မှုန်ကုပ်ကုပ်နှင့် သခင်လေးပင် ဖြစ်နေသေးကာ အဆင့်မြင့်မြင့် ဇိမ်ကျကျနေထိုင်ရေးကို ရှေးရှူဆဲပင်။

ပိုင်ဖန်းနှင့် မိုင့်ယောင်တို့စတွေ့ကြသောအခါ နာမည်ကြီးကားဘရန်းတံဆိပ်များမှ စ၍ စီးကရက်၊ ဝိုင်၊ စတော့ခ်ရှယ်ယာများအကြောင်းထိအဆုံး ပြောဖြစ်ကြသည်။

ရွှီချင်းနျို့ကမူ ပိုင်ဖန်းကို တစ်စက်မှ မခင်။ အနှီလူကား ဟန်အမူအရာ ပိုလွန်းသည်ဟု မြင်မိသည်။

တွဲတာတာ နှစ်ပေါင်းမြောက်များစွာ ကြာခဲ့သည့်တိုင် ရွှီချင်းနျို့အတွက် နေရအကျပ်ဆုံး မိုင့်ယောင် အကျင့်စရိုက်များမှာ ဂုဏ်မောက်မာမှု နှင့် ယုံကြည်ချက် မိုးထိ လွန်ကဲခြင်းတို့ပဲ ဖြစ်ကြ၏။ မိုင့်ယောင်သည် ကိုယ့်ကိုကိုယ် တတ်နိုင်စွမ်းရှိသည်ဟု အထင်ကြီးလွန်းကာ မိမိမှာ တစ်ပါးလူထက် သာလွန်သည်ဟု ခံယူထားသည်။

မိုင့်ယောင် နှင့် ပိုင်ဖန်းတို့ တွေ့ပြီးနောက် ထိုပြဿနာက ပိုဆိုးဝါးသွားတော့သည်။

ထို့နောက်တွင်တော့ ပိုင်ဖန်းသည် မိုင့်ယောင်အပေါ် စိတ်က သိပ်မရိုးသားကြောင်း ရွှီချင်းနျို့ သိလိုက်ရလေသည်။ ပိုင်ဖန်းကား သူ၏ ရှေ့တည့်တည့်မှာတောင် မိုင့်ယောင်ကို အီစီကလီလုပ်ရဲသည်။ ဤအကြောင်းကို မိုင့်ယောင်ထံ ပြောပြရာ မိုင့်ယောင်က ဆိုသည် "သူက အဲ့လိုပါပဲကွ လူတကာ စနောက်နေတာ သူ့စရိုက်ကိုက ပွင့်လင်းလွန်းတာ လျှောက်မတွေးပါနဲ့ ငါတို့က ဒီတိုင်း မိတ်ဆွေတွေပဲ"

တန်ရာတန်ကြေး 〖 Completed 〗Where stories live. Discover now