ကမ္ဘာမိုးဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ဘ၀မှာ မည်သူတစ်ယောက်ကိုမျှမချစ်ကြိုက်ဘူးပေ။သူကရုပ်ချောတဲ့အပြင် ပိုက်ဆံလည်းရှိတဲ့အတွက်မိန်းကလေးအများစုက သူ့ကိုသည်သည်းလှုပ်ဖြစ်နေကြလေသည်။ဒါပေမဲ့ကမ္ဘာမိုးကတက္ကသိုလ်မှရှိတဲ့မိန်းကလေးတွေကို စိတ်၀င်မစားပေ။သူအဲ့လိုဖြစ်နေရတာက သူ့ညီလေးနဲ့အတူတူအိမ်ကိုခနခနပါပါလာတဲ့ ကောင်လေးက်ိုကြိုက်နေ၍ဖြစ်လေသည်.........
''အကိုရေ..အကို''
"ဘာလဲ'စိုးမိုး'ရ''
"ဘာလဲလုပ်မနေနဲ့ ကျွန်တော့သူငယ်ချင်းပါလာ
တယ်""မင်းသူငယ်ချင်းပါလာတော့ ငါကဘာလုပ်ရမှာလဲ......ပါတယ်ဆို ဘယ်မှာလဲ..."
"ဒီမှာလေ......အယ် ဘယ်ရောက်သွားတာလဲ ကောင်းစက်နှင်းအဲ့သူတောင်းစားလေးဘယ်ရောက်သွားတာလဲ...."
"ငါဒီမှာ..အဖေစိုးမိုးရဲ့"
(သာသာကမ္ဘာမိုးကိုမိုးလို့သုံးမယ်နော် ကောင်းစက်နှင်းကိုလဲနှင်းလို့ပဲသုံးမယ်နော်)
မိုးနဲ့စိုးမိုးတို့ ညီအစ်ကိုနှစ်ယောက်လုံးဧည့်ခန်းထဲကိုပြိုင်တူလှမ်းကြည့်လိုက်သည်။ကောင်းစက်နှင်းတစ်ယောက် ဧည့်ခန်းထဲမှာ ခခယယ၀င်ထိုင်နေသည်။စိုးမိုးက
"မင်းကိုဘယ်သူကအဲ့မှာထိုင်ခိုင်းလို့လဲ"
"ဖင်ေညာင်းလို့ထိုင်နေတာလေ..ဘာလဲမထိုင်ရဘူးလား..မထိုင်ရဘူးဆိုလည်းပြန်ပြီBye bye"
နှင်းရဲ့လက်ကိုစိုးမိုးကလှမ်းဆွဲလိုက်ပြီး
"မဟုတ်ပါဘူး...မင်းပျောက်သွားလို့ငါကလန့်ပြီးပြောတာပါဟ...ထိုင်ပါ.ထိုင်ပါ.ဆရာသမားလေးရဲ့"
"င့တပည့်ကအဲ့လိုပြောတယ်ဆိုတော့လည်း......"
"မထိုင်ဘူးလား."
"မထိုင်စေချင်ဘူးလား.."
"မဟုတ်ပါဘူး ဆရာသမားရယ် ထိုင်ပါထိုင်ပါ"