Episode 2

267 50 3
                                    

မင်း....ဘုရားသခင်ကိုယုံလား

အပိုင်း ( ၂ )

အသုတ်ပါဆယ်တစ်ဖက် မိုက်က တစ်ဖက်နှင့် အိမ်ပြန်ခဲ့လိုက်သည်။ ဘာလိုလိုနှင့် သင်္ကြန်ရောက်ပြန်ဦးမည်။ သင်္ကြန်ပြီးလျှင် ရွှေဆံတော်ဘုရားပွဲ ပွဲစျေးသည်များမှာ သူအိမ်ရှေ့လမ်းတစ်လျောက်လုံးဖြစ်၍မျက်စိနောက်လွန်းလှ၏။ ထိုအချိန်မျိုး၌ စစ်တောင်းမြစ်ဘေးမှ ခြံသို့သွားနေရသည်။

' အံမလေး ခွေးကြီး'

လမ်းဆုံအရောက်၌  အလန့်တကြားအော်သံကြောင့် သူ့အတွေးပျက်သွားရသည်။ မိုက်ကို မြင်လိုက်၍ လန့်သွားပုံရ၏။

' လာလာ မိုက် '

မိုက်၏ကြိုးကိုတင်းတင်းဆွဲလိုက်တော့ မိုက်က သူ့နားသို့ပြေးလာသည်။ လန့်သွားသောမိန်းကလေးကဆက်မသွားသေးပဲ ရင်ဘတ်ကိုလက်နှင့်ဖိထား၏။

' မိုက်က လမ်းလျောက်ထွက်ရင် မကိုက်ပါဘူး'

'ရှင့်ခွေးကအကြီးကြီးပဲ ရုတ်တရပ်ဆိုတော့ ကိုက်​လိုက်ပြီထင်လို့'

သူက မျက်လုံးဖွင့်ကာ သူ့အားမော့ကြည့်သည်။ ထို့နောက် ကြောက်နေရာမှ သူ့မျက်နှာသည်တင်းခနဲဖြစ်သွားသည်။

'ရှင် '

'သြော် မင်းပဲ'

'ကျွန်မ ရှင့်ကိုရှာနေတာ'

'ခုတွေ့ပြီမှလား ဆိုင်ကယ်ငှားခလိုက်တောင်းတာတော့မဟုတ်လောက်ဘူး'

သူက ခပ်ပေါ့ပေါ့ပြောလိုက်တော့  ကောင်မလေးမျက်နှာ ပို၍တင်းသွားသည်။ တစ်ခုခုပြောရန် ပြင်လိုက်တော့ သူက

'ရူး....။  လာ ရှေ့မှာ ကိုယ့်အိမ်ရှိတယ် လိုက်ခဲ့ ဒီမှာမပြောနဲ့'

ကောင်မလေးကိုအိမ်သို့ခေါ်ခဲ့လိုက်သည်။ ဧည့်ခန်းမရှိ၍ ခုံအလွတ်တစ်ခု၌ ထိုင်ခိုင်းလိုက်ပြီး ဝယ်လာသည့်အသုတ်ကို ပန်ကန်ထဲထည့်ကာ ထမင်းပါခူးထည့်လိုက်သည်။ ထို့နောက်မတ်တပ်ပင် စားရင်း

' ကဲ ပြော​တော့'

'ရှင်ဘယ်လိုလူမျိုးလဲ ရှင့်ကြောင့် လူတွေဒုက္ခရောက်ကုန်ပြီ'

မင်း ဘုရားသခင်ကိုယုံလားWhere stories live. Discover now