MEMORIES

1.7K 149 4
                                    

FOR  NWAE  PANTHER.

■■■■■■

{Uni}

မြို့တစ်မြို့ရဲ့ ကားလမ်းမကြီးထက်မှာ တ​ရွေ့​ရွေ့နဲ့သွား​နေတဲ့ အဖြူ​ရောင်ကား​လေးတစ်စီး။ သီချင်းသံတချို့ကလည်း တရိပ်ရိပ်နဲ့ထွက်​ပေါ်​နေပြီး လိုက်လံသီဆို​နေတဲ့ ​ကောင်မ​လေးတစ်​ယောက်ရဲ့အသံကလည်းတဆာဆာနဲ့ပင်။

"Why Oh Why Tell Me Why Not Me..."

ထို​ကောင်မ​လေးကလက်ထဲမှာလည်း ဖုန်းတစ်လုံးနဲ့ ဂိမ်း​ဆော့​နေတာကိုမရပ်ဘဲ လိုက်ဆို​နေခြင်းဖြစ်သည်။ ကား​မောင်း​နေတဲ့သူ့ရဲ့ပါပါးဖြစ်သူက​တော့ ​ခေါင်း​လေးတခါခါနဲ့သာ။ ထို့အပြင် Lover setမှာထိုင်​နေတဲ့သူကလည်း ထို​ကောင်မ​လေးရဲ့ပါပါးပါပဲ။

"​ရှောင်ယွမ် အသံနည်းနည်း​လျှော့​လေ​နော်။ ပါပါးခနအိပ်ချင်လို့"

"ဟုတ်"

စကားနား​​ထောင်စွာပဲအသံ​တိတ်သွားတဲ့ ​ရှောင်ယွမ်​လေးက သူတို့ရဲ့အဖိုးတန်​လေး။ ဖွင့်ထားတဲ့သီချင်း​လေးဟာလည်း ကား​မောင်း​​နေသူရဲ့လက်ချက်​ကြောင့် Off ခံလိုက်ရပြီ။ ကြည့်ရတာ ကြင်သူအိပ်​နေချိန်နား​အေးပါး​အေး ရှိ​စေချင်သည်ထင်ပါ့။

မြို့ထဲကလမ်းမထက်မှာ အတန်ကြာ​မောင်းနှင်ပြီးချိန်မှာ​တော့ မြို့ပြင်သို့​ရောက်ပြီဖြစ်သည်။ ​ဘေးတစ်ဖက်တစ်ချက်မှာ လယ်ကွက်​​လေး​တွေကစိမ်းစိုလို့​နေတယ်။ တစ်​နေရာအ​ရောက်လမ်းချိုး​လေးထဲ​ကွေ့ဝင်ပြီးချိန်မှာ​တော့ သူတို့လာချင်တဲ့​နေရာကို​ရောက်​လေပြီ။

"အိမ်ကြီးက ကြီးလိုက်တာ"

"ဒီပါပါးရဲ့ကြိုးစားမှု​တွေ​လေ"

​ရှောင်ယွမ်​လေး​ပြောတဲ့စကားကို Driver setမှာထိုင်​နေတဲ့ သူ့ပါပါးက ဂုဏ်ဆာအပြုံးကြီးနဲ့ပြန်​ဖြေတယ်။ ထို့​နောက် ကား​ပေါ်ကဆင်းသွားတဲ့ ​ရှောင်ယွမ်​လေးကအိမ်ထဲ​တောင်ဝင်သွား​ပြီ။ မိန်းက​လေးဖြစ်​နေလည်း ​နေရာစိမ်းရင်​တောင် အ​ကြောက်အလန့်မရှိတတ်တာ သူ့ပါပါး​တွေရဲ့ အ​မွေဆက်ခံသူပီသပါတယ်။

ကား​ပေါ်ကလူနှစ်​ယောက်က ပစ္စည်း​တွေသယ်ပြီးမှအထဲဝင်လာ​တော့ သူတို့ရဲ့သမီးဖြစ်သူကဧည့်ခန်းထဲမှာ ချိတ်ထားတဲ့ ပန်းချီကားကို စိတ်ဝင်တစားကြည့်​နေတယ်။

Spring Revolution One Short CollectionWhere stories live. Discover now