YOU AND I

872 118 4
                                    

FOR HsuLaeHnin5.

■■■■■■



[UNI]



​လောကမှာ ခံပြင်းစရာအ​​ကောင်းဆုံးအရာက ဘာလဲသိလား။ မှာလိုက်တုန်းကတစ်မျိုး ​ရောက်လာတာကတစ်မျိုးဖြစ်တဲ့ online shop ​တွေရဲ့ အကွက်​တွေပဲ။

////////////////////////////////////////////

​ပေကျင်း၏ မြို့လည်​ကောင်မှာရှိတဲ့ တိုက်ခန်း​လေးထဲတွင် မျက်မှန်တစ်လတ်နှင့်ကောင်​လေးတစ်​ယောက် လက်မလည်​အောင် reply ပြန်နေရသည်။ lap top မှာ​ရော phone မှာပါ တတင်တင် တ​တောင်​တောင်နဲ့တက်လာတဲ့ customer order​တွေကစိတ်​ကျေနပ်စရာ။

အ​တော်ကြာသည်ထိ လက်ကိုက်မတတ် reply ပြန်ပြီးချိန်မှာ​တော့ အပျင်း​ကျောဆန့်လို့ ခုံ​နောက်မှီ​ပေါ်မှီချလိုက်သည့်သူ။

"ဟူး...​မောတာ"

ထိုင်ရာက​နေထလို့ မီးဖို​ချောင်ထဲသွားပြီး ​ရေခဲ​သေတ္တာဆွဲဖွင့်ကာတွေ့ရာအ​​အေးဗူး ​မော့​သောက်လိုက်သည်။ ပြီးမှအမှိုက်ပုံးထဲ ဗူးခွံကို သေချာထည့်ပြီး စားပွဲ​ပေါ်က အထုပ်​​ပေါင်းစုံဆီကို ​ခြေလှမ်း​တွေက ဦးတည်လိုက်သည်။

ထို့​နောက် အိတ်​တွေတစ်အိတ်ပြီးတစ်အိတ် ဖွင့်စစ်သည်။ ပစ္စည်းအားလုံးစုံ​ကြောင်းစစ်ပြီးတာနှင့် စောနက စာရင်းမှတ်ထားတဲ့စာအုပ်ကို အခန်းထဲပြန်သွားယူလိုက်သည်။

သူဟာ online shop ​​ရောင်းတဲ့သူတစ်​ယောက်။ သူမ​ရောင်းတာ မရှိသ​လောက်ကိုရှားသည်။ ဟင်းချက်စရာပစ္စည်း၊ ကြက်သွန်၊ အာလူးကစလို့ လူတစ်ကိုယ်လုံးစာအတွက် အဝတ်စား၊ ဖိနပ်​တွေ၊ Fancyနဲ့ ဦးထုပ်ကအစ​ရောင်းသည်။ ထို့ပြင် အိမ်အသုံးအ​ဆောင် ပစ္စည်းတွေနှင့် ပန်းကန်တွေခွက်​တွေလည်းပါသည်။

စာရင်းစာအုပ်ကို​ဘေးချလို့ မှာထားတဲ့ ပစ္စည်း​တွေကို အိတ်နဲ့ထည့်ပြီး သူ့လက်မှတ်​လေး ​ဆော့ပင်နဲ့ထိုး​ပေးလိုက်သည်။ customer ​တွေအဓိကလိုချင်တာ သူ့၏လက်မှတ်မို့ပင်။ အာလူး​တွေ အနာပါလည်း ပြုံးပြုံး​လေးနဲ့ဝယ်ကြသည်။ ကြက်သွန်​တွေ ပိန်လိန်​နေလည်း ပြုံးမြဲ ပြုံးဆဲဝယ်ကြတုန်းပဲ။

You've reached the end of published parts.

⏰ Last updated: Jul 08, 2022 ⏰

Add this story to your Library to get notified about new parts!

Spring Revolution One Short CollectionWhere stories live. Discover now