အပိုင်း ၁၆

829 152 32
                                    

"ဘာကြောင့်လဲ Sir.?"

ရုံးခန်းတွင်း ခြေချသည်နှင့် ထွက်လာသည့်အသံ။Jeon ကတော့ သူ့အားတစ်ချက်မျှသာ ၀င့်ကြည့်၍ မျက်ခုံးတို့ ပင့်မြှောက်သွားသည်။

"ကျွန်တော်က အလုပ်မှာ ဘယ်လောက်အားနည်းလဲ Sir အသိဆုံးပါ။ဒါပေမယ့် ဒီအရေးကြီးတဲ့ တာ၀န်ကို ပေးအပ်နေတုန်းပဲ။Sir ကျွန်တော့်ကို တိုးတက်စေချင်တာ သိပေမယ့် ဒါကအချိန်ကောင်း မဟုတ်ဘူးထင်တယ်။ဒီတာ၀န်ကို ထူးချွန်တဲ့ သူတစ်ဦးကိုပဲ ပေးအပ်သင့်တယ်။ဉပမာ နမ်ဂျွန်းလိုမျိုးပေါ့"

ဂျောင်ကုက ဘာမျှမပြောသေး။သူ့အား တခဏစူးစိုက်ကြည့်သည်။

"ဆော့ဂျင် ဒီမှာ ဘယ်သူက Boss လဲ"

ခေါင်းကို ငုံ့လိုက်ရင်းမှ ဆော့ဂျင်က

"Sir ပါ" ဟုတိုးတိုးဖြေသည်။

"သွားပြီး အလုပ်လုပ်တော့။မင်းမှာငါ့အမိန့်ကို ဖီဆန်ခွင့်မရှိဘူး"

ဆော့ဂျင်က ထိုင်နေကျနေရာတွင် ထိုင်ပြီး ကွန်ပျူတာကို ဖွင့်သည်။ဂျွန်ဂျောင်ကုကို သူလုံး၀လိုက်မမှီပါချေ။အလုပ်မှာ အမှားတွေချည်း လုပ်တက်သည့်သူ့ကို အရေးကြီး တာ၀န်ပေးတယ်။အစည်းအဝေးမှာ အရေးကြီးဆုံး တာ၀န်ကို အသုံးမကျတဲ့ သူဆီပေးသည်တဲ့လား..?ဘာကြောင့်များလဲ.?

ပင့်မြှောက်ထားသည့် မျက်ခုံးရိုးကြောင့် ဆော့ဂျင်နဖူးထက် အရေးအကြောင်း သေးသေးတို့က ပေါ်၏။သူသည် တစ်ဖန် မျက်ခုံးရိုး တွန့်ချိုးလျက်ဖြင့် အလုပ်လုပ်သည်။

ဂျောင်ကုသည် အလုပ်၌သာ အာရုံစိုက်ထားသူ ဆော့ဂျင်အား ကြည့်သည်။အနည်းငယ် ဖူးထွက်နေသည့် နူတ်ခမ်းသား။နားရွက်နောက်ဖက်တွင် သေသပ်စွာ နေရာယူသည့် ဘောပင်နှင့် မျက်ခုံးရိုးတွန့်ချိုးထားလျက် အာရုံစူးစိုက်နေသူသည် မည်သည့်နေရာမှပင် ကြည့်ပါစေ ပြည့်စုံလွန်းနေသည်။

ဂျောင်ကုသည် မိမိအတွေး လွဲမှားနေမှုကြောင့် အသာအယာချောင်းဟန့်သည်။သူ့စိတ်တွင်း အစဉ်သဖြင့် ကြီးစိုးလာသည့် အနှီကောင်လေးကို သူအတော်လေး စိတ်ကုန်နေပြီဖြစ်သည်။ကိုယ်ကိုပြင်ထိုင်ရင်းမှ သူ့စိတ်အလုံးစုံကို ရှင်းလင်းပစ်လိုက်တော့သည်။

Desire (ဘာသာပြန်) ✓  CompletedWhere stories live. Discover now