Part 11(Bucket list)

218 35 0
                                    

Part 11

bucket list

(Unicode)

"ငါလုပ်ထားတဲ့ bucket list (နောက်ဆုံးကျန်ရှိချိန်အတွင်းမှာ သူပြည့်သွားချင်တဲ့ ဆန္ဒတွေချရေးထားတဲ့ အရာ) အကြောင်းကို  ပြောပြဖူးလား?" Sugaမှာမေးလာခြင်းပင်

Daichiအတွက် သူ့သူငယ်ချင်းရဲ့ ပြိုလဲငိုကြွေးမှုကို မြင်ပြီးသည့် သုံးရက်မြောက်နေ့ဖြစ်သည်။ နှစ်ဦးသား Daichi ၏အိမ်တွင် မပြီးပြတ်သေးသည့် အိမ်စာများကို အတူလုပ်နေကြခြင်းဖြစ်ပြီး သူတို့၏ ပုံမှန်နေနေကြအတိုင်း Sugaက ကြမ်းပြင်တွင်လှဲနေကာ Daichiက စာရေးခုံ၌ ထိုင်နေသည်။

Daichiလှည့်ကြည့်လာကာမေးလိုက်၏။

"ငါကြည့်, ကြည့်လို့ရလား?"

Suga သူ့လွယ်အိတ်ရှိရာသို့ လှိမ့်လိုက်ကာ တွန့်ကြေနေသည့် စာရွက်ကလေးကို ထုတ်ယူလာပြီးနောက် စာရေးခုံပေါ်သို့တင်ပေးလိုက်သည်။ Daichiမှ ကောက်ယူပြီးဖတ်ကြည့်လိုက်သည်

1.နိုင်ငံတော်အဆင့်ကို ရောက်နိုင်ရမယ်

2.ကောင်မလေး(၎င်း ကောင်မလေးစာလုံးပေါ်၌ ရေညီမျဉ်းတစ်ကြောင်းဆွဲကာဖျက်ထား၏)၊ ကောင်လေးရ,ရမယ်

3.sexကိစ္စလုပ်တာ

4.ကြယ်ကြွေတာကို မြင်ချင်တယ်

5.အထက်တန်းနဲ့ တက္ကသိုလ်မှာ ဘွဲ့ရ,ရမယ်

6.ငါချစ်ရတဲ့သူဆီမှာ ငါ့ရဲ့အချစ်တွေကို ဖွင့်ပြောမယ်

စာရွက်ရှိ အစဉ်လိုက်ချရေးထားသည့် အရာတို့ကို Daichiငေးကြည့်နေရင်း 

"ဒီဟာလား?"

"အဲ့ဒါငါလုပ်ချင်တာ အကုန်လုံးပဲ" Sugaဆက်ပြောလာသည်

"ပထမဆုံးဟာကတော့ သေချာသွားပြီ"

"ငါပြောပါအုံးမယ်" Daichi ဘောပင်ကိုကောက်ကိုင်လိုက်၏

"Seijou နဲ့ Shiratorizawaကို အတိအကျနိုင်ခဲ့တာမိုလို့ ငါ့ကို ဒါကိုဖတ်ခိုင်းတာမလား?"

Sugaရီမောလိုက်ပါ၏။

"လုပ်စမ်းပါDaichiရာ...ငါ့ရဲ့listပါကွ၊ အနည်းဆုံးတော့ ငါရိုးသားပါတယ်ဟ မင်းပြောသလိုမဟုတ်ပါဘူး"

Four out of six[MM tran](complete)Where stories live. Discover now