Chapter9

318 45 0
                                    

Edited By Ray🍓
Mrs. Zhou နဲ့ တာအိုကိုယ်တော်တို့က Yan Hui ရဲ့စကားတွေကြားပြီးနောက် ကြက်သေသေသွားတယ်။

အချိန်အတော်ကြာအောင် ခြံဝင်းထဲ တိတ်ဆိတ်နေခဲ့တယ်။

နောက်ဆုံးမှာတော့,အဘွားအိုရှောင်ရဲ့ ချောင်းဆိုးသံကြောင့် Mrs. Zhou သတိပြန်ဝင်လာတယ်။ သူမက အကျယ်ကြီး အော်လိုက်တယ်: "အို ဘုရားရေ! ဒီလိုရိုင်းစိုင်းတာတွေတောင် ပြောရဲတယ်။" အဲ့လိုပြောပြီး, သူမက ရှေ့ကို ခြေနှစ်လမ်းတိုးလိုက်တယ်။ "ဒီအဘွားကြီးက အဘွားအိုရှောင်အစား မင်းကိုသင်ခန်းစာပေးရလိမ့်မယ်........."

သူမ စကားမဆုံးသေးခင် Yan Hui က ခပ်မဲ့မဲ့ရယ်လိုက်တယ်။ Yan Hui စတောင်မလှုပ်ရှားရသေးခင် Mrs. Zhou ခြေလိမ်သွားတာကို မြင်လိုက်တယ်။ Mrs. Zhou ကမမျှော်လင့်ပဲ လဲကျသွားတော့ အော်နေတယ်။ သူမခြေထောက် အဆစ်လွဲသွားပုံရတယ်။ မြေကြီးပေါ်က မထနိုင်တော့လို့ ထိုင်လျက်ပဲ စူးစူးဝါးဝါးအော်ဟစ်နေတယ်။

Yan Hui မျက်ခုံးအနည်းငယ်တွန့်သွားတယ်။ မျက်လုံးထောင့်ကနေ, ကျောက်ခဲတစ်လုံး လှိမ့်ထွက်သွားတာ တွေ့လိုက်တယ်။

ဒီလူကုန်ကူးတဲ့မိန်းမ ကျောက်စိမ်းကို ယူဖို့ ကြိုးစားခဲ့ရင် ပညာပေးဖို့ ရည်ရွယ်ထားခဲ့တာ........ဒါပေမယ့် မထင်မှတ်ပဲ, ကျောက်ခဲလေးက အဓိကအခိုက်အတံ့မှာ အစွမ်းပြသွားတယ်။

Yan Hui က သူမအကြည့်တွေကို Tian Yao ဘက်လှည့်လိုက်တယ်။ သူကအောက်ကို ငုံ့ကြည့်နေပြီး ကူရာကယ်ရာမယ့်ပြီး ဘာမှမပြောနိုင်တော့တဲ့ အဘွားအိုရှောင်ကို ဖေးမနေတယ်။ သူက တကယ်ဘာကိုမှမသိတဲ့ အရူးနဲ့တူတယ်။

မြေပြင်မှာ လဲနေပြီး နာလို့ အော်နေတဲ့ Mrs. Zhouကို တာအိုကိုယ်‌တော်ကဖေးမဖို့ အသွား, Yan Hui က ကျောက်ခဲကို ကန်လိုက်တော့ သူရဲ့ ဒူးကို တိုက်ရိုက်မှန်သွားတယ်။ တာအိုကိုယ်‌တော်က အော်ဟစ်ပြီး Mrs. Zhouပေါ်ထပ်ပြီး လဲကျသွားတယ်။

Yan Hui က သူတို့နှစ်ယောက်ကို မထီမဲ့မြင်ပြုလိုက်တယ်: "ဟဟား, တာအိုကိုယ်တော်က အရမ်းစွမ်းအားကြီးလို့ သူများအသက်ကို တောင် ဆယ်နှစ်ဆွဲဆန့်နိုင်တာ, အခုဘာလို့ ကျမ်းဂါထာ မရွတ်တာလဲ? မင်းရဲ့ အရိုးတွေကို ကုလိုက်ပါဦး ပြီးတော့ အပေါက်ဆိုးတဲ့ မိန်းမကိုပါ ကုပေးလိုက်။"

Heart ProtectionWhere stories live. Discover now