ကလောမှ အပြန် ( င ၊ စ )

691 11 0
                                    

                                      ( င )
         ညက nigh since ရိုက်တာ မနက်လေးနာရီကျော်မှ ပြီးသောကြောင့်  ကိုးနာရီကျော်မှ အိပ်ယာနိုးလာသည်။ ဆရာက နေ့လည်စာစားပြီး၁၂နာရီမှ shooting စမည်ဟုပြောထားသည်။ ခြောက်ရက်မြောက်နေ့ ရောက်သော်လည်း ရိုက်စရာတွေက ကျန်နေသေးသည်။ မင်းသားခြေထောက်ကိုငှဲ့ပြီး ဖြေးဖြေးချင်းရိုက်နေခဲ့ရတာဖြစ်သည်။ ဒီအတိုင်းဆို နောက်ထပ်နှစ်ရက်လောက် ကလောမှာထပ်နေဖြစ်ဖို့များသည်။ မင်းသားခြေထောက်က  ခုမှပုံမှန်အတိုင်းပြန်ဖြစ်သည်။ ဒီနေ့မနက်တော့ လမ်းလည်းမလျှောက်ရ breakfast လည်းမမီတော့။ ရေချိုးပြီး မြို့ထဲဘက်မှာ ဝက်သားချဉ်သွားစားမည်ဟု ဆုံးဖြတ်လိုက်သည်။ ရေချိုးပြီး အဖြူရောင်လည်ဝိုင်းတီရှပ်ပေါ်မှာ အပေါ်ကအပြာနုရောင်ရှပ်လက်ရှည်ကို ရင်ဘတ်ကြယ်သီးမတပ်ဘဲဝတ်သည်။ ဘောင်းဘီကိုတော့ အပါ်အင်္ကျီထက်နည်းနည်းပိုပြာတဲ့အရောင်ရွေးဝတ်လိုက်သည်။ ရှူးအဖြူလေးကိုစီးတော့ အရမ်းကိုကြည့်ကောင်းသွားပါသည်။ ကောင်းကင်အပြာနဲ့တိမ်အဖြူလေးတွေအောက်က အဖြူနဲ့အပြာဝတ်ထားတဲ့ ချစ်စရာကောင်လေးဟာကျွန်တော်ပေါ့။
          မြို့ထဲbreakfast သွားစားမည့်အကြောင်း ဆရာ့ကိုအသိပေးဖို့ ဆရာ့ဘန်ဂလိုကိုအရင်ဝင်သည်။ ကိုနာရီခွဲပြီးပြီမို့ဆရာနိုးနေလောက်ပါပြီ။ ဆရာကဘန်ဂလိုတစ်ခုလုံးမှာ တစ်ယောက်တည်းနေတာမို့တခြားလူအားနာစရာမရှိပါ။ ဘဲတီးလိုက်သောအခါ ဆရာတံခါးလာဖွင့်ပေးသည်။ ဆရာက ရေချိုးပြီးထားသလို လန်းဆန်းနေသည်။ မထင်မှတ်ပဲ ဧည့်ခန်းဆိုဖာမှာမင်းသားထိုင်နေတာ တွေ့လိုက်ရသည်။
          "မောနင်းဆရာ ကျွန်တော်မြို့ထဲခဏ breakfast သွားစားမလို့ ဆရာ့ကိုလာပြောတာ ဆရာကောစားပြီးပြီလား"
          "သွားလေသုတ ဆရာစားပြီးပြီ ဆရာ၇နာရီကတည်းကနိုးနေတာ ဒီနေ့buffetကပိုစုံလို့များများစားလိုက်တယ်။ breakfast က၉နာရီသိမ်းတာဆိုတော့ သုတတော့မမီတော့ဘူး"
          "ဟုတ်ကဲ့ဆရာ အဲ့ဒါကြောင့်သွားစားမလို့"
         "ကျွန်တော်လည်း လိုက််မယ်သုတ ကျွန်တော်လည်းbreakfast မမီဘူး"
           မင်းသားက တံခါးဝနားရောက်လာသည်။ သူ့ဆီမှရနေကျ လက်ဆတ်သောမွှေးရနံ့ကို ရှူလိုက်ရရင်ပဲ မနက်ခင်းဟာကျွန်တော့်အတွက် အလှပဆုံးဖြစ်သွားသည်။
          "ဆရာ ကျွန်တော်သုတဇော်နဲ့ လိုက်သွားစားလိုက်ဦးမယ်"
          "ကောင်းပါပြီ"
          သူနဲ့အတူ ဆရာ့အခန်းရှေ့ကထွက်လာတော့ ရင်ခုန်သံတွေမြန်ဆန်လာတော့သည်။ သူသည် အမည်းစင်းသေးသေးလေးတွေပါတဲ့ ကြက်သွေးရောင်ရှပ်လက်ရှည်နဲ့ အဖြူစွတ်စွတ်ဂျင်းပင်ကိုဝတ်ထားသည်။အပေါ်အင်္ကျီထပ်မဝတ်ထားပါ။ ရှူးကတော့သူ့လိုပဲ အဖြူရောင်စီးထားသည်။
          "ဆရာက ဒီနေ့ပြေးတဲ့အခန်းတွေရိုက်မှာမို့ ခြေထောက်အဆင်ပြေလားတဲ့ ကျွန်တော်လည်းစိတ်ချရကြောင်း ဆရာ့ကိုလက်တွေ့ပြေးပြပြီးလာပြောတာ"
           "အစ်ကို့ခြေထောက်ပြန်ကောင်းသွားပြီနော်"
            "လုံးဝပုံမှန်အတိုင်းဖြစ်သွားပြီ"
           "ဝမ်းသာစရာပေါ့အစ်ကိုရာ အစ်ကိုမြင်းပေါ်ကပြုတ်ကျတုန်းက ကျွန်တော်အရမ်းလန့်သွားတာ အပြင်ဒဏ်ရာမရှိဘဲ အတွင်းမှာတစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့လေ"ဟု ကျွန်တော်အမှန်အတိုင်းပြောမိသည်။
          "ကျွန်တော်လည်း မြင်းပေါ်ကကျကျချင်း ကျိုးပြီပဲထင်ခဲ့တာ ဘုရားကယ်လို့ပေါ့ ဒါနဲ့ မြို့ထဲကိုဘာနဲ့သွားမှာလဲ"
          "ကျွန်တော်မှာကားပါတယ်အစ်ကို ကျွန်တော်က ကလောကိုတစ်​ယောက်တည်းမောင်းလာတာ"
          "ဟုတ်လား ပင်ပန်းတာပေါ့ကျွန်တော်က ကိုဖြိုးပါတော့တော်သေးတယ် တစ်ယောက်တစ်လှည့်စီမောင်းတာ"
          "မပင်ပန်းပါဘူးကျွန်တော်က ကားမောင်းရတာကြိုက်တယ် အခုကျွန်တော့်ကားနဲ့ပဲသွားမယ်လေ ကိုဖြိုးကိုခေါ်ဦးမလား"
          "မခေါ်တော့ဘူး သူက၉နာရီထိုးခါနီးမှထပြီး ရေမချိုးပဲ breakfast သွားစားပြီးသွားပြီ ကျွန်တော်ကရေချိုးနေလို့မမီတော့တာ"
          ဘာပဲဖြစ်ဖြစ်ကျွန်တော့်အတွက်ပိုအဆင်ပြေသည်။ ဂျာမန်ထုတ်အဝါရောင်  အမိုးပွင့်Jeep ကားလေး ကားပါတ်ကင်ကထွက်လာတော့ ချိုမြိုန်သောပျော်ရွှင်မှု နူးညံ့သောရင်ခုန်ခြင်းတွေနဲ့အတူ ကလောမြို့လေးပို၍လှပနေသည်။
          "WOW သုတကားလေးကမိုက်တယ်"
          "ဟုတ်လား ကျွန်တော်ပူဆာလို့ ဖေဖေဝယ်ပေးတာလေ"
          "ဒိလိုအမိုးပွင့်ဂျစ်ကားအဝါကို မြန်မာပြည်မှာ ကျွန်တော်မတွေ့ဖူးသေးဘူး wow အမိုးဖွင့်ထားတော့စီးရတာမိုက်တယ် လွင့်နေတာပဲ"
            သူ၏ပျော်ရွှင်နေသောမျက်နှာသည် ရုပ်ရှင်ထဲကထက်အဆပေါင်းများစွာပိုကြည့်လို့ကောင်းနေသည်။
            "ကျွန်တော်က ဝက်သားချဉ်စားမလို့အစ်ကို အစ်ကိုရောဘာစားချင်လဲ"
          "ကျွန်တော်လည်းဝက်သားချဉ်ကြိုက်တယ် အဲ့တာပဲစားမယ်လေ"
          "ဒီက ရှမ်းစာတွေလည်းကောင်းတယ်အစ်ကို စျေးမှာရိုက်တဲ့နေ့တုန်းကကျွန်တော်သွားစားဖူးတယ် ဆန်တို့ဖူးလည်းအရမ်းကောင်းတယ်"
          "ဟုတ်လား ကျွန်တော်လည်းရှမ်းအစားအစာအကြိုက်ဆုံးပဲ ဆန်တို့ဖူးတော့မစားဖူးဘူး"
          "ဟာ ဒါဆိုစားကြည့်အစ်ကို ဝက်သားချဉ်ရော ဆန်တို့ဖူးရောနှစ်မျိုးလုံးစား ဆန်တို့ဖူးက ပဲပုပ်ရယ် ခရမ်းချဉ်သီးချက်ရယ် မုန်ညှင်းချဉ်နဲ့ မြေပဲထောင်းတို့နဲ့ရောစားရတာ"
          "OKလေ စားတာပေါ့"
          ထိုနေ့က breakfast သွားစားရင်း သူနဲ့တော်တော်ရင်းနှီးသွားခဲ့သည်။ မသိရင် သူငယ်ချင်းအရင်းကြီးတွေလို။နှစ်ယောက်သား ဖုန်းနဲ့selfie ရိုက်ကြသည်။ ပြီးလျှင်တစ်ယောက်ချင်းစီ ရိုက်ပေးကြသည်။အပြန်အလှန်ဖုန်းနံပါတ်ပေးရင်း Viber နဲ့ fb messenger မှာ စကားပြောလို့ရသည်ဟု သူကပြောသည်။ သူ့ရဲ့fb pageမှာ ကျွန်တော် follows လုပ်ထားကြောင်းနဲ့ သူဟာကျွန်တော် idol ဖြစ်ကြောင်း ပြောတော့ အံ့ဩသလိုကြည့်နေသည်။ ပြီးတော့ ကျွန်တော်က ရိုက်ကူးရေအပြီးမပြန်ခင်ရက်မှာ အရက်သောက်ရအောင်ဟုပြောတော့ အဲ့ဒီအစီစဉ်အကောင်းဆုံးပဲဟုပြုံးရင်းပြောသည်။ ထိုအပြုံးသည် ရုပ်ရှင်ကလိုပဲ ကျွန်တော့်ကိုရူးသလိုဖြစ်စေခဲ့သည်။
                                       ( စ )
          သူရိုက်နေတဲ့အခန်းတွေဆို ကျွန်တော်ငေးမောနေခဲ့သည်။ သူသည် ဇတ်ကောင်ကာရိုက်တာကို စိတ်နှစ်ပြီးသရုပ်ဆောင်တတ်သည်။ ဆံပင်ခပ်တိုတိုဖြစ်စေ ဂုတ်ပေါ်မကျတကျဆံပင်ရှည်ဖြစ်စေ သူ့မျက်နှာနှင့်လိုက်ဖက်ပါသည်။ တစ်ခါတစ်ရံ ဆံပင်ကိုနောက်နားက သားရေကြိုးနဲ့စုချည်ထားလည်း သူ့မျက်နှာနှင့်ကြည့်ကောင်းလွန်းပါသည်။ သူသည် နားနှစ်ဖက်လုံးတွင်အပေါက်ဖောက်ထာပြီး နားကပ်ပုံစံမျိုးစုံဝတ်တတ်သည်။ စိန်နားကပ်လို စျေးကြီးတာမျိုးရော ကွင်းအမည်းလို လူတိုင်းဝတ်သည့် နားကပ်လိုရော ဝတ်စုံနဲ့လိုက်ဖက်အောင်ဝတ်သည်။ ကိုရီယားမင်းသားလိုလို ထိုင်းမင်းသားလိုလို အသားဖြူဖြူလေးနဲ့ ဘာပဲဝတ်ထားဝတ်ထား ကျွန်တော့်မျက်လုံးထဲ တော်တော်ကြည့်ကောင်းလွန်းပါသည်။  ဇတ်ဝင်ခန်းအလိုအရအင်္ကျီအဟောင်းဝတ်ရသောအခါတွင်လည်းရုပ်က သန့်သန့်ချောချောလေးနဲ့  ချစ်စရာကောင်းနေပြန်သည်။ သူရိုက်ခါနီးဒိုင်ယာလော့ခ်ဖက်နေချိန်တစ်ခုတွင် မိတ်ကပ်ဆရာနဲ့သူ့တပည့်က မင်းသားနားသွားကာ လိုတာထက်ပိုဂရုစိုက်ပြီး ပုခုံးပုတ် လက်ပုတ်စကားပြောနေသည်။ ဒါကို ကျွန်တော်က မကျေနပ်သလို စိတ်တိုသလိုကြည့်နေတာ သူရိတ်မိသွားသည်ဟု ထင်ပါသည်။ အဲ့အချိန်မှာပဲကျွန်တော်ရိုက်ပေးတဲ့ပုံတွေ fbမှာတင်ခါနီး ကျွန်တော့်ကိုtagတွဲကာ 📸သုတဟု ရေးမည်ဟုဖုန်းလှမ်းဆက်သည်။ ကျွန်တော်စိတ်ဝင်စားနေတာ သူသိသွားပြီလား။ သူ့ပုံတွေ တင်ပြီးချက်ချင်းဆိုသလို ကျွန်တော့်အကောင့်တွင် addပို့စ်နဲ့ followers တွေမများစဖူး များလာခဲ့သည်။ နေ့ခင်း ထမင်းစားဖို့ brakeပေးသောအခါ ရှုတင်ထမင်းမစားချင်၍ ဝက်သားချဥ်သွားစားမည်ဟု ကျွန်တော့်ကိုလာခေါ်သည်။ ကျွန်တော်ကသွားချင်ပေမယ့်လည်း ခေါင်းကိုက်နေ၍ မသွားတော့ဘူးဟုမူနေလိုက်သည်။ မူတာကိုသိလို့လားမသိ ကျွန်တော့ကိုအတင်းရအောင်ခေါ်သည်။
          "လာပါဗျ ကျွန်တော် ဆေးလည်းတိုက်ပါမယ် ဝက်သားချဥ်လည်းကျွေးပါမယ်"
          ကျွန်တော်ခေါင်းထပ်ခါသည်။
          "လက်ဆောင်လည်းဝယ်ပေးမယ်လေ"
          ကျွန်တော်အရမ်းကိုပျော်ရွှင်သွားတာဟန်တောင်မဆောင်နိုင်တော့။ဒါပေမယ့် ရှုတင်ရိုက်နေတဲ့တောင်ပေါ်နဲ့မြို့ထဲနဲ့က နည်းနည်းဝေးသည်။
          "သွားမှာနဲ့စားမှာဆို အနည်းဆုံးတစ်နာရီကျော်ကြာမှာ ပြန်စတဲ့အချိန်မရှိရင်ရော ဆရာနဲ့အဆင်ပြေပါ့မလား"
          "ဟာ အေးဆေး ဒါတော့စိတ်မပူနဲ့  သွားမှာလားမသွားဘူးလားပဲပြော"
          "ခင်ဗျားတကယ်လက်ဆောင်ဝယ်ပေးမှာနော်"
          "ကျွန်တော် ယောက်ျားပါဗျ ပြီးတော့်ကျွန်တော့်ကို ခင်ဗျားလို့မခေါ်နဲ့ အစ်ကိုလို့ပဲခေါ်"
          ဒီလိုနဲ့ပဲ ကျွန်တော့်ကားအဝါလေးနဲ့ ကလောမြို့ထဲရောက်လာခဲ့ပြန်သည်။ ကျွန်တော်ကဆရာ့ကိုအသိပေးမည်ပြောသော်လည်း သူက ရတယ်အေးဆေးဟုဆို၍ ဒီအတိုင်းပဲထွက်လာခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် သူ့ဘေးမှာရနေရင် ကျွန်တော်ပျော်ရွှင်ကြည်နူးရသည်။ သူကသွားမယ်ဆို ကျွန်တော် ကမ္ဘာမြေအဆုံးထိလည်း သွားချင်သည်။ သူကမင်းသားမို့ကျွန်တော်သူ့ကိုဟိုအရင်ကတည်းကရင်းနှီးတာမထူးဆန်းပေမယ့် သူကကျွန်တော့်ကို အချိန်ခဏလေးအတွင်းမှာရင်းနှီးတာမထူးဆန်းဘူးလား။လက်ဆောင် ဘာယူမလဲဟုမေးသောအခါကျွန်တော်ကအကြံနဲ့  ရန်ကုန်ရောက်ရင် ထက်တွေ့ဖြစ်အောင် ရန်ကုန်ရောက်မှဝယ်ပေးဟုပြောလိုက်သည်။
            ရှစ်ရက်မြောက်ညနေတွင်ရိုက်ကူးမှုအားလုံး ပြီးစီးသွားပါသည်။ ဆရာက ညဘက် စားသောက်စရာအပြည့်အစုံနဲ့ မီးပုံပွဲလုပ်ပေးမည်ဟုပြောသောအခါ ရန်ကုန်ပြန်ဆင်းမယ့်သူတွေလည်း နောက်နေ့နံနက်မှ ပြန်မယ်ဖြစ်ကုန်သည်။
          "သုတရေ ဒီညကျွန်တော်တို့အရက်ဝယ်စရာမလိုတော့ဘူး မီးပုံပွဲက အရက်ကောပါတယ်"ဟု မင်းသားကပျော်ရွှင်နေသောအသံနှင့်ကျွန်တော့်ဆီဖုန်းဆက်ပါသည်။ ကျွန်တော်က လူတွေအများကြီးနဲ့ ဟေးလားဝါးလားမသောက်ချင်၍ မပျော်ပါ။ တကယ်တော့ သူတို့ရဲ့ဘန်ဂလိုမှာဖြစ်စေ ကျွန်တော်တို့ဘန်ဂလိုမှာဖြစ်စေ လူလေးနည်းနည်းနဲ့ပဲ အေးအေးဆေးဆေးလေးသောက်ချင်ခဲ့တာပါ။ ဖြစ်နိုင်ရင် မင်းသားနဲ့နှစ်ယောက်တည်းပဲသောက်ချင်တာပေါ့။
           "အင်းလေ ကောင်းတာပေါ့ ။ မီးပုံပွဲကဘယ်နှစ်ရီစမှာလဲ"
          "၆နာရီစမှာ ကျွန်တော့်ကိုဝင်လာခေါ်လေ အတူတူသွားမယ်"
          "အဲ့တာဆို ၆နာရီလောက်လာခေါ်မယ်"
          သူက "အိုကေ ၆နာရီတွေ့မယ်"ဟုဆိုကာ ဖုန်းချသွားသည်။ သူနဲ့အတူတူသွားရမည်ဆိုသောကြောင့် နည်းနည်းတော့ကျေနပ်မိသွားသည််။ ဖေဖေနဲ့မေမေကို မနက်ဖြန်မနက်ရန်ကုန်ပြန်ဆင်းလာမယ်ဟု ဖုန်းဆက်ပြီး ပြန်ဖို့အတွက် အဆင့်သင့်ဖြစ်အောင် အဝတ်စားတွေ luggage ထဲခေါက်ထဲ့ ပစ္စည်းသိမ်းစရာရှိတာသိမ်းသည်။ ပြီးလျှင်မီးပုံပွဲသွာဖို့ ရေချိုးပြီးပြင်ဆင်သည်။ bathtub 🛀 ထဲရေဝင်စိမ်ရင်း တစ်ဦးတည်းသောသူငယ်ချင်း ဇေယျာအတွက် ဘာလက်ဆောင်မှမဝယ်ရသေးတာသတိရသည်။ ဒီမှာ အလုပ်ကတစ်ဖက်နဲ့မင်းသားကတစ်ဖက် ဇေယျာကို သတိရဖို့မအားပါ။ရန်ကုန်ပြန်ရောက်မှပဲ တစ်ခုခုဝယ်ပေးလိုက်တော့မည်။
          ရေချိုးပြီး ထုံးစံအတိုင်း မျက်နှာကိုနည်းနည်းလိမ်း။ အားကစားလည်းလုပ်လို့ရသော အပြင်လည်းဝတ်လို့ရသော အောက်ခြေတွင်သားရေပြားအပျော့ဖြင့် စည်းထားသော အနက်ရောင်ဘောင်ဘီရှည်ကိုဝတ်သည်။ ဘောင်းဘီဘယ်ဘက်ဘေးတွင် ONMYGAME ဟုအဖြူရောင်စတစ်ကာပါသောကြောင့် အင်္ကျီကို ဖြူရောင် တီရှပ်လက်ရှည်ဝတ်လိုက်သည်။ ရှူးအနက်စီးပြီး ရှာထိုးဦးထုပ်အနက်ဆောင်းလိုက်သည်။ ရေမွှေးနည်းနည်းစွတ်ပြီးသောအခါ မီးပုံပွဲသွားဖို့ အဆင့်သင့်ဖြစ်နေပြီ။ မန်နေဂျာအန်ကယ်ကတော့ ဆရာခေါ်သည်ဟုဆိုကာ အစောကြီးကတည်းကထွက်သွားပြီ။ ၆နာရီထိုးခါနီး ၃မိနစ်အလိုမှာ မင်းသားကိုလာခေါ်တော့မည့်အကြောင်းဖုန်းဆက်သောအခါ ဖုန်းက busy ဖြစ်နေသည်။ ထို့ကြောင့် မင်းသားရှိရာဘန်ဂလိုသို့ သွားခေါ်လိုက်သည်။ ဘန်ဂလိုရောက်တော့ မင်းသားရော သူ့မန်နေဂျာကိုဖြိုးရောမရှိကြ။ ဖုန်းထပ်ဆက်သောအခါ သူမီးပုံပွဲကိုရောက်နှင့်နေကြောင်းပြောသည်။ ဒါနည်းနည်းတော့လွန်သွားပြီမဟုတ်လား။ အတူတူသွားဖို့ လာခေါ်ဖို့သူပဲမှာထားတာ။ တကယ်ဆို သွားနှင့်မယ့်အကြောင်း ဖုန်းတော့ဆက်သင့်သည်။  စိတ်ဆိုးသလိုအသံနဲ့ "အိုကေအိုကေ"ဟုဆိုကာဖုန်းအရင်ချပစ်လိုက်သည်။

ကလောမှအပြန် Donde viven las historias. Descúbrelo ahora