26

2.4K 219 7
                                    

နှောင်ကြိုး

(26)

သေဖို့ထိ ဆုံးဖြတ်ချက်ချထားခဲ့တာမို့ မောင်မလုပ်ရဲတာ ဘာမှမရှိ....
မင်းမချစ်တဲ့ ဘဝမှာ မောင်ဟာ ကူရာကယ်ရာမဲ့
လမ်းပြပေးမယ့်.. ..လူရယ်လို့ မရှိ..

အဆိုးဆုံး ကိစ္စ တွေကိုပဲ ရွေးလုပ်မည်ဟု ဆုံးဖြတ်ကာ...သူ့ဘဝကို... မဲမှောင်ကျစေသော လူယုတ်မာတွေ ဆီကို ဦးတည်ခဲ့လေသည်..

Kim Nora..Mr.kim....
တစ်ယောက်မှ အရှင်မထားဘူး....

....................................................................

ညအချိန် မှောင်ရီပျိုးစ...
ခြံဝင်းထဲသို့ ဝင်လာသော ကားတစ်စီးး နှင့်အတူ
ကားပေါ်မှ ဆင်းလာခဲ့ သော Mr.kim...
အနောက်မှ လူနှစ်ယောက်လဲ ပါကာ...
အိမ်ပေါ်သို့ တတ်မည်အလုပ်....

ဦးထုပ်ကို ခပ်ငိုက်ငိုက် စောင်းထားပီး
သူ့ဆီတည့်တည့်လျောက်လာသော Jungkook..

ချောင်းတိုက်တဲ့ အလုပ်တွေ မောင်မလုပ်ဘူး Jimin...
မောင်က အန္တရယ်တွင်းထဲကို သိသိရက်နဲ့
ခုန်ဆင်းမယ့်ကောင်...
အသည်းကွဲလို့ဘဝပျက်ပီးသေတာထက်...
အသားနာပီး သေတာက မောင့်အတွက် ပိုချိုမြိန်တယ်......

မိုက်မိုက်ကန်းကန်း.....မောင်မလုပ်ရဲတာဘာမှ မရှိ....မောင့်အချစ်က ဘယ်လောက်မိုက်ရူးရဲ ဆန်လိုက်လဲ.....

Mr.kim ဘေးမှ နှစ်ယောက်က ရှေ့သို့တတ်လာကာ...Jungkook အား လက်ကာပြလိုက်ပီး..

"ဘယ်သူလဲ....''

Jungkook''ကျုပ်....ခင်ဗျား အသက်ကို နူတ်မလို့ လာတာ...''

စောင်းထားတဲ့ ဦးထုပ်ကို မတင်လိုက်ပီး....မထီမဲ့ မြင်...ကြည့်ကာပြောတော့....

Mr.kim:"Jungkook..''

Jungkook:"ဟုတ်တယ်...ခင်ဗျားသေဖို့ အဆင်သင့်ပဲလား...''

Mr.kim:"ဟားးဟား ဟားးဟား...... မင်းသတ္တိကတော့ မခေပါလား....မင်းရောက်နေတာ ဘယ်သူ့ပိုင်နက်လဲ...မင်းအသိစိတ်တွေ လွတ်သွားပီလား...သေချင်ပီနဲ့ တူတယ်...''

သေဖို့ လာပါတယ်ဆို....ဒီဘဲကစကားတွေလာများနေတယ်....

Mr.kim:"ဟေ့ရောင်တွေ သိုသိုသိပ်သိပ် လုပ်ကြ....''

နှောင်ကြိုးDove le storie prendono vita. Scoprilo ora