အမှာစာ

37 3 0
                                    

ကျွန်တော်သည် Facebook စာမျက်နှာထက်တွင် "Storyteller" ဟူသော ကကောင်နာမည်ဖြင့် ဇာတ်လမ်းတိုလေးများကို လွန်ခဲ့သော လပိုင်းခန့်မှ စတင်ရေးသားခဲ့ပါသည် ။ ကျွန်တော်ရေးသောစာလေးများကို အာရုံ၊ဂရု တစ်ခုပြုကာ အချိန်ပေးဖတ်ရှုပြီး အစဉ်တစိုက် အားပေးလာခဲ့သော စာဖတ်သူများကြောင့် ဇာတ်လမ်းတို ၁၂ ပုဒ်ကို ရေးသားပြီးစီး ခဲ့ပြီး ဖြစ်ပါသည် ။ သို့ရာတွင် စာဖတ်သူများအနေဖြင့် " Storyteller ဇာတ်လမ်းအရှည်ကိုရော ရေးနိုင်မလား " ဆိုသည့် တောင်းဆို မေးခွန်းများလည်း မကြာခဏ ကြုံတွေ့ခဲ့ရပြီးပါပြီ ။

ထိုမေးခွန်း၏ အဖြေကို ကျွန်တော်ကိုယ်တိုင်ပင် မသိချေ ။ ဒါကြောင့် ယခု " နေတစ်စဉ်း၊ တစ်နေကြာ နှင့် ကြောင်တစ်ကောင်" ဆိုသည့် ဝတ္ထုရှည်လေးကို ရေးသားဖို့ အကြောင်းဖန်လာပါတော့သည် ။ ကျွန်တော် သည် ဇာတ်လမ်းကို ကောင်းမွန်စွာ ရေးသားချပြ နိုင်ခြင်း ရှိ၊မရှိ ကို စာဖတ်သူများနည်းတူ ကျွန်တော်ကိုယ်တိုင်ပင် အတူတကွ စောင့်မျှော်နေရပါဦးမည်။

ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်မှု တစ်ခုတည်းကိုသာ အခြေပြုထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ချင်းပြည်နယ်ကလေးမှာ ဇာတ်လမ်း၏ ဇာတ်ဝင်ခန်းအများစုကို ပုံဖော် ထားပါသည် ။ ချင်းပြည်သည် ကျွန်တော် အလွန် မြတ်နိုးတန်ဖိုးထားကာ တစ်ခေါက်သာလျင် ရောက်ခဲ့သော်လည်း ဘဝ တစ်လျှောက်လုံး တသသ လွမ်းရသော နယ်မြေတစ်ခုဖြစ်ပါသည် ။

ငါးရက်တာသာ နေခဲ့ဖူးသော ချင်းပြည်နယ်၏ အလှအပများ၊ ရိုးရာယဉ်ကျေးမှုများအား လွဲမှားစွာ ပုံဖော်မိသည် ရှိခဲ့ပါလျင် ကျွန်တော်၏ ပေါ့ဆမှုသာ ဖြစ်ပြီး ထိုအမှားအား ထောက်ပြရင်း ပြင်ဆင်ဖို့ အခွင့်အရေးများ ပေးပါရန်လည်း ကြိုတင်ပန်ကြားပါသည် ။

ဇာတ်လမ်းသည် အချစ်၊ အလွမ်း ၊အနစ်နာ၊ သံယောဇဉ်၊ မေတ္တာ တို့ဖြင့် ရိုးရိုးအေးအေး ဖွဲ့သီခြင်း ခံရမည့် စာရေးသူ၏ နှလုံးသားသဖွယ်ရှိသောကြောင့် စာဖတ်သူများလည်း အတူတကွ လိုက်ပါ စီးမြောခံစား ပေးမယ်လို့ မျှော်လင့်မိပါသည် ။

Storyteller

You've reached the end of published parts.

⏰ Last updated: Nov 07, 2021 ⏰

Add this story to your Library to get notified about new parts!

နေတစ်စဉ်း၊ တစ်နေကြာ နှင့် ကြောင်တစ်ကောင်Where stories live. Discover now