Thiha Minn San
ဖွင့်မပြောလို့မဖြစ်တော့တဲ့အခြေအနေမှာ အားတင်းလို့ဖွင့်ဟဝန်ခံခဲ့လိုက်ခြင်းတွင် မျှော်မှန်းထားတာနှင့်ကွဲလွဲကာစိတ်လိုက်မာန်ပါဖြစ်သွားခြင်းကြောင့် နီးလျှက်နှင့်ဝေးရပါတော့သည်။ တမင်တကာရှောင်ဖယ်ပြေးနေသူကြောင့် ရင်တွေလည်းနာလှ၏။
သူငယ်ချင်းတွေနှင့်ဆုံတွေ့ချိန်တိုင်းတော့ဟန်မပျက်နေခဲ့ရင်း သူလည်းဆိုင်တစ်ဆိုင်နှင့်အလုပ်တွေရှုတ်နေခဲ့သလို ကျွန်တော့်မှာလည်းတာဝန်ကျရာနေပြည်တော်ပေါင်းလောင်းကိုထွက်လာခဲ့ရသည်။
နေရာသစ် ပတ်ဝန်းကျင်အသစ်မှာ စာတွေ့ကိုလက်တွေ့အဖြစ်အသုံးချရင်းမအားမလပ်ဖြစ်နေသည်ကြားက ဖုန်းနှင့်အဆက်အသွယ်မပြတ်ခဲ့ပါ။
အဖြေလည်းပြန်မပေး စကားလည်းအစမခံ တမင်ကိုရှောင်ဖယ်ကာဥပေက္ခာတရားလက်ကိုင်ထားနေသူကြောင့် ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေမျိုးနှင့်ကြုံနေရ၏။
ပေါင်းလောင်းမှာတာဝန်ကျနေရင်း မျက်ပေတုံးရဲ့ခြေလှမ်းတွေကိုလည်းစောင့်ကြည့်နေရပြန်သည်။ စီးပွားရေးလုပ်ကတည်းက ဘယ်မိန်းကလေးဘက်ကိုမှခြေဦးမလှည့်တော့တဲ့အပြုအမူတွေကြောင့် စိတ်အေးနေရသလိုသူတို့မိသားစုရဲ့ထုံးစံအတိုင်း စပ်ဟပ်ပြီးအိမ်ထောင်ချပေးတာမျိုးလည်းရှိနေပြန်ခြင်းကြောင့် အခြားတစ်ဖက်ကလည်းပူပန်နေရပြန်၏။
လူကိုသူငယ်ချင်းတွေအရှေ့မှာကျ အရင်လိုရင်းရင်းနှီးနှီးနေပြတတ်ပြီး နှစ်ယောက်ထဲတွေ့ရန်ခွင့်မပေးတော့သလို သူငယ်ချင်းတွေကွယ်ရာရောက်လျှင်တည်တင်းသွားတတ်သောမျက်နှာပေးကရုပ်လေးနှင့်မှမလိုက်အကြောခပ်တင်းတင်း။
ကိုယ်ကလည်းသိပ်စိတ်ရှည်တဲ့ကောင်မဟုတ်လေတော့ တွေ့လိုက်တိုင်းလည်းတကျက်ကျက်ဖြစ်နေသလို ယောက်ျားချင်းဖြစ်နေတော့လည်းအိညှက်အိညှက်နှင့်မပြောတတ်ခဲ့ပါ။ လူပုံလေးဖြူနွဲ့နွဲ့နှင့်သောက်ကြောတင်းချက်ကလည်းကျွန်တော်နှင့်နင်လားငါလားအပြိုင်။
လုပ်ငန်းခွင်ဝင်နေသူဖြစ်ခြင်းကြောင့်လည်း စိတ်သွားတိုင်းကိုယ်ကမပါနိုင်။ ဖုန်းနှင့်သာချစ်ကြိုးတွေသွယ်လို့နှူးနှပ်နေရခြင်းမှာ နှစ်ဦးသား၏ပင်ကိုယ်ဗီဇကြောင့်စကားကောင်းပြောရသည်က ပထမပိုင်း ၅ မိနစ်ခန့်သာရှိခဲ့ပြီး နောက်ပိုင်းတို့တွင်သူတပြန်ကိုယ်တပြန်ခနဲ့ရင်းစကားနိုင်လုရင်းနေလာခဲ့ကြတာလပေါင်းများစွာ...။
YOU ARE READING
သူငယ်ချင်း...ချစ်သူ
Romanceငယ်ငယ်တုန်းကခင်တယ် အခုချစ်ရတဲ့... သူငယ်ချင်းချစ်သူလေးရယ်....